top of page

စစ်ကော်မရှင်နဲ့ ရှမ်းနီ ပြည်သူ့စစ်ပူးပေါင်းတပ်များ စစ်ကြောင်းထိုးလာသည့်အတွက် နန့်ရင်းကျေးရွာပြည်သူများ တိမ်းရှောင်နေရ

  • Writer: Pajau Media
    Pajau Media
  • Nov 19, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၉ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။


စစ်ကော်မရှင်နဲ့ ရှမ်းနီပူးပေါင်းတပ်ဖွဲ့များ စစ်ကြောင်းထိုးလာတာသည့်အတွက် ဟိုပင်မြို့၊ နန့်ရင်းကျေးရွာက ဒေသခံတချို့ ရှောင်တိမ်းနေကြပြီဖြစ်ကြောင်း သိရပါသည်.


နိုဝင်ဘာ ၁၁ ရက်နေ့က ဟိုပင်မြို့အဝင်တွင် ကင်းလှည့်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့ များ နေရာယူ လုပ်ရှားနေသည်ဟု ယူဆရတဲ့မြို့ရဲ့ အရှေ့တောင်ဘက်တကြောကို စစ်ကော်မရှင် ပူးပေါင်းတပ်များ သည် စစ်ကြောင်းထိုးလှုပ်ရှားတာတွေ ၊ ဒရုန်း၊ လက်နက်ကြီးတွေ ပစ်ခတ်လာသည့်အတွက် တိုက်ပွဲ ဖြစ်ပွားလာနိုင်ခြေရှိ ဒေသခံများက သုံးသပ်နေကြပါတယ်။


စစ်ကော်မရှင်ပူးပေါင်းတပ်များသည်လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေသည့်အပြင် နန့်ရင်းကျေးရွာတကြောမှာလည်း ဆက်တိုက် စစ်ရေးလှုပ်ရှားနေတာကြောင့် ပြည်သူတွေလည်း မနေရဲတော့ဘဲ ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်သူတွေရှိနေတယ်လို့ သိရပါတယ်။


သတင်း - ပီးလာမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page