စစ်ကော်မရှင်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်၂ နှစ်အရွယ်ကလေးသေဆုံးကာ ၅ ဦးထိခိုက်
- Pajau Media

- Nov 21
- 1 min read
ပါဂျောင်မီဒီယာ
၂၁ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် စစ်ကော်မရှင်က နေ့ ၊ည အချိန်မရွေး လက်နက်ကြီးပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၂၀ ရက်ည ၁၁ နာရီအချိန်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဖားကန့်ဆိုင်းတောင်ရွာမှ အသက်၂ နှစ်အရွယ်ကလေး မောင်ချိုးသန့်လွင် သေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိကြောင်းသိရသည်။
“ ညတိုင်းပစ်တယ် မှော်ဒေသဆိုတော့ သိတဲ့အတိုင်းပဲ ရှာစားရတော့ တိုက်ပွဲဖြစ်လည်း ငြိမ်တာနဲ့ လူက ပြန်စီပြီ၊ ကိုယ့်ကိုယ်ကို မထိခိုက်အောင် သတိထားနေရတယ်၊ တိုက်ပွဲ မဖြစ်လည်းပစ် လက်နက်ရှိလို့ ပစ်တာပဲနေမှာ၊ လက်နက်ကြီးသံမကြားရတဲ့ နေ့ကို မရှိဘူး။ ” ဟု ဖားကန့် ဒေသခံတစ်ဦးက ပြောသည်။
ဖားကန့်စစ်ကော်မရှင်တပ်မကုန်းနဲ့ မရှိကထောင်ရခိုင်ကုန်းက လက်နက်ကြီး ၁၀ ကြိမ် ထက်မနည်းပစ်ခတ်ခဲ့ပြီး ဆိုင်းတောင် ရက်ကွက် ၁၊ ၃ နှင့် စန်းသီတာကုန်း စသည့်နေရာမှာ ကျရောက်ပေါက်ကွဲပြီး ကလေးတစ်ဦး သေဆုံးကာ အမျိုးသမီး ၃ ဦး၊ အမျိူးသား ၂ ဦး ဒဏ်ရာရရှိပြီး နေအိမ်များပျက်စီးခဲ့ ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း လက်ရှိဖားကန့်အပြင် ဗန်းမော်၊ ဝိုင်းမော်ဘက်မှာ စစ်ရေး တင်းမာတဲ့ အခြေအနေရှိပြီး ဝိုင်းမော်ဘက်မှာ လွန်ခဲ့တဲ့ အပတ်လောက်က စစ်ရေးငြိမ်သည့်အခြေအနေမြင်ရပေမဲ့ နိုဝင်ဘာ၂၀ ရက် ည ၁၁ နာရီ အချိန်လောက် မှာ လက်နက်ကြီး ပစ်သံ ဆက်တိုက်ကြားနေရတယ် လို့ ဒေသခံများက ပြောသည်။
သတင်း- ပီးလာမ့်အူ









Comments