စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်ယူနန် SPICYN ကုမ္ပဏီနှင့်အတူ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်း
- Pajau Media

- Dec 1
- 1 min read
ပါဂျောင်မီဒီယာ
၁ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။
ရပ်ဆိုင်းထားသည့် ဧရာ၀တီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်ယူနန် SPICYN ကုမ္ပဏီနှင့်အတူ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧရာ၀တီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ယခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့ကတည်းကပင် စတင်ဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထို ဧရာ၀တီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုဝန်ကြီးအား ခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့ပြီး စုစုပေါင်း အဖွဲ့ဝင် ၁၃ ဦးပါဝင်နေသည်။
ထိုဦးဆောင်အဖွဲ့နှင့် တရုတ်ကုမ္ပဏီဖြစ်သည့် SPIC Yunnan International Power Investment (SPICYN)တို့ပူးပေါင်းပြီး စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ နည်းပညာနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြစ်ဆုံစီမံကိန်းအတွက် တရုတ်အစိုးရနှင့် မြန်မာစစ်တပ်အကြား ညှိနှိုင်းဆောင်ရွက်နိုင်ရေး ကိစ္စများကိုလည်း အဆိုပါ ဦးဆောင်အဖွဲ့က အထောက်အကူပြုပေးရမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုမြစ်ဆုံစီမံကိန်းကို သမ္မတဦးသိန်းစိန်လက်ထက်ကတည်းက ပြည်သူလူထု၏ ဆန္ဒပြ ကန့်ကွက်မှုကြောင့် ရပ်တန့်ခဲ့ကြောင်း သိရသည်။
သတင်း-ဖရိန်း










Comments