နိုဝင်ဘာလအတွင်း အမျိုးသမီး(၅၁)ဦး သေဆုံး
- Pajau Media

- 3 days ago
- 1 min read
ပါဂျောင်မီဒီယာ
၉ရက်၊ဒီဇင်ဘာ၊၂၀၂၅။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုဝင်ဘာလအတွင်း အမျိုးသမီး (၅၁)ဦး သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီး သမ္မဂ(BWU)က ထုတ်ပြန်ထားသည်။
အဆိုပါသေဆုံးသူ အမျိုးသမီးများမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်ခံရမှု၊ မတရားသတ်ဖြတ်ခံရမှု၊ မြေမြုပ်မှိုင်း၊ ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ အကျဉ်းထောင်အတွင်း နှိပ်စက်ခံရမှုတို့ကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။
သေဆုံးသူ(၅၁)ဦးထဲမှ ၆ဦးမှာ အသက်(၁၈)နှစ်အောက် အမျိုးသမီးများ ဖြစ်ကြပြီး၊ နောက်ထပ် (၅၇)ဦးတို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။
ကချင်ပြည်နယ်မှ အမျိုးသမီးသေဆုံးမှုမှာ (၃)ဦးအထိတွေ့ရပြီး၊ ရခိုင်ပြည်နယ်မှ (၁၆)ဦးအဖြစ် အမျိုးသမီးသေဆုံးမှု အများဆုံး ပြည်နယ်ဖြစ်ခဲ့ရာ၊ စစ်ကိုင်းတိုင်းမှ (၁၀)ဦးနှင့် မန္တလေးတိုင်းဒေသကြီးမှ (၉)ဦးတို့ ဖြစ်ကြသည်။
နိုဝင်ဘာလအတွင်း ထူးခြားဖြစ်စဉ်များအနေဖြင့် နိုဝင်ဘာလ ၄ရက်နေ့တွင် သံတောင်ကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ ဘုရင့်နောင်သင်တန်းကျောင်းမှ စစ်သားများနှင့် ၁၂၄တပ်ရင်းမှ စစ်သားများမှ စနေကုန်းကျေးရွာနေ အသက်(၁၈)နှစ်အရွယ် အမျိုးသမီးငယ်အား စစ်သား(၃)ဦးမှ အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့် နိုဝင်ဘာ(၇)ရက်နေ့တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာနှင့် ယိုးတရုပ်ကျေးရွာတို့အား အကြမ်းဖက် စစ်တပ်မှ လေကြောင်းတိုက်ခိုက်သဖြင့် အမျိုးသမီး (၄)ဦးထိ သေဆုံးခဲ့သည်။
သတင်း - ထုဆိုင်း




Comments