top of page

စစ်တပ်က PSMSစနစ်ကို အဆင့်မြင့်တင်နေ

  • Writer: Pajau Media
    Pajau Media
  • Oct 31
  • 1 min read

ပါဂျောင်မီဒီယာ

၃၁ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


ree

မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားသူ CDM ဝန်ထမ်းများကို ဖမ်းဆီးရန်အတွက် စစ်တပ်က PSMS Application ကို အဆင့်မြှင့်တင်နေကြောင်း သိရသည်။


စစ်ကောင်စီက နိုင်ငံရေးလှုပ်ရှားနေကြသည့် CDM ဝန်ထမ်းများကို ဖမ်းဆီးနိုင်ရန်အတွက် Person and Monitoring System (PSMS) Application ကို အဆင့်မြှင့်တင်ပြီး အမည်ပျက်စာရင်း သွင်းထားသူများ၏ အရေအတွက်ကိုလည်း ထပ်တိုးရန် ညွှန်ကြားထားကြောင်း စစ်တပ်နှင့် နီးစပ်သူများထဲမှ သိရသည်။


"PSMS စနစ်ကို ဟိုးအရင်ထဲက စသုံးတာ။ ဒါပေမဲ့ ခုနောက်ပိုင်း ဒီစနစ်ကိုဘဲ ပိုပြီးအဆင့်မြင့်အောင် ပြန်လုပ်လာတယ်" ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။


အဆိုပါ PSMS စနစ်တွင် လုံခြုံရေးအဆင့်မြှင့်တင်ခြင်း၊ အမည်စာရင်းများ ထပ်တိုးခြင်းကို ယခု အောက်တိုဘာလအတွင်း လုပ်ဆောင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးသို့ ညွှန်ကြားလိုက်ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့များမှ အဓိက အကောင်အထည်ဖော် လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း သိရသည်။


PSMSစနစ်ဖြင့် ဖမ်းဆီးရမိသော CDM ဝန်ထမ်းများကိုလည်း ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း- ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page