top of page

စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့များ ဒေသများတွင် ပစ်မှတ်ထား တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာ

  • Writer: Pajau Media
    Pajau Media
  • Oct 23
  • 1 min read

ပါဂျောင်မီဒီယာ

၂၃ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


ree

တစ်နိုင်ငံလုံး ရွေးကောက်ပွဲကျင်းပနိုင်ရန် စစ်ကော်မရှင် စီစဉ်ဆောင်ရွက်နေသော်လည်း ကချင်ပြည်နယ် KIAထိန်းချုပ်နယ်မြေများတွင် ပစ်မှတ်ထား တိုက်ခိုက်ခြင်း ပိုမိုလုပ်ဆောင်နေကြောင်း သိရသည်။


လက်တလော တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် KIAထိန်းချုပ်နယ်မြေများတွင် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်နေပြီး၊ မကြာခဏ လေယာဉ်ဗုံး လာရောက်ပစ်ခတ်လာသောကြောင့် စစ်တပ်ကို သတင်းပေးသူများ စီစစ်နိုင်ရန် KIAထိန်းချုပ်နယ်မြေ အချို့နေရာများတွင် စတားလင့်ဝိုင်ဖိုင် အသုံးပြုချိန်များ အချိန်ကန့်သတ် သုံးနေရကြောင်း သိရသည်။


“အခုတလော ကျနော်တို့ဘက်မှာ စတားလင့်ဝိုင်ဖိုင်ကို သုံးရက်လောက် ပိတ်လိုက်ရတယ်။ သတင်းပေးလို့ လို့ ပြောတယ်။ အခုလဲ ည ၉နာရီနောက်ပိုင်းဆို ပိတ်ပြီ။ တစ်ခါတလေ ဒရုန်းတွေ ပျံဝဲလာချိန်တွေမှာလည်း ပိတ်လိုက်တယ်။” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။


 ထောက်လှန်ရေးတပ်ဖွဲ့များ နယ်မြေများတွင် စတားလင့်ဝိုင်ဖိုင်စက်များ တွင်ကြယ်စွာ အသုံးပြုလာသလို အတွင်းသတင်းစကားများလည်း လျှင်မြန်စွာပျံ့နှံ့လာပြီး၊ စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေများသို့ ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနိုင်သောကြောင့် စတားလင့်ဝိုင်ဖိုင်သုံးချိန်ကို ကန့်သတ်လာခြင်းဖြစ်သည်ဟု ဆိုသည်။


စစ်ကောင်စီက ဖားကန့်ဒေသ၊ ဝိုင်းမော်ဒေသ၊ ဗန်းမော်ဒေသအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လန်ဆယ်၊ ဆဒုံး စသည့်ဒေသများထိ လေယာဉ်ဗုံး လာရောက်ပစ်ခတ်မှုများ နေ့စဉ်ပြုလုပ်နေပြီး၊ ထိခိုက်သေဆုံးသူများလည်း ဆက်တိုက်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page