top of page

စစ်တပ်က ဖားကန့်ဒေသ စစ်ကြောင်းလှုပ်ရှားနေပြီး ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်နေ

  • Writer: Pajau Media
    Pajau Media
  • Aug 26, 2025
  • 1 min read

ပါဂျောင်မီီဒယာ

၂၆ရက်၊ ဩဂုတ်၊ ၂၀၂၅။


စစ်ကောင်စီတပ်ဖွဲ့မှာ ပြီးခဲ့သည့် ဩဂုတ်၂၁ရက်နေ့ကတည်းက ဖားကန့်ဒေသဘက် စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလှုပ်ရှားလာခဲ့ရာ ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်နေကြောင်း သိရသည်။


ဩဂုတ်၂၄ရက်နေ့တွင်လည်း စစ်တပ်က ဖားကန့် နမ္မဖစ်၊ မှော်ဆီစာဝန်းကျင်မှ စစ်ကြောင်းထိုးလှုပ်ရှားလာခဲ့ရာ အရပ်သားပြည်သူ (၉)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပေမယ့် ပြန်လည်လွတ်မြောက်လာသည့် သတင်းမှာ လက်ရှိအချိန်ထိ မကြားရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။


ဩဂုတ်၂၁ရက်နောက်ပိုင်းကတည်းက နန့်ယားလမ်းမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များမှာ ဖားကန့်-တပ်မကုန်းနှင့် ကံဆီးဗျူဟာကုန်းတွင် စစ်အင်အားဖြည့်တင်းနေကြဆဲ ဖြစ်ကြောင်း သိရသည်။


လက်ရှိစစ်တပ်ဖွဲ့များမှာ ဖားကန့်-လဝါးမှ လုံးခင်းအဝင် လယ်ပြင်အထိ နေရာယူထားပြီး၊ ဖားကန့်ဝန်းကျင်အတွင်း လှုပ်ရှားနေသော တပ်ဖွဲ့များမှာ လမ်းးသွားလမ်းလာ ပြည်သူများကို မှတ်ပုံတင်စစ်ဆေးခြင်းများ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေသည်ဟု ဆိုသည်။


ဖားကန့်ဒေသသို့ စစ်အင်အားအလုံးအရင်းအဖြင့် စစ်ကြောင်းထိုးနေသည့်အပြင် လက်နက်ကြီးများဖြင့်လည်း နေ့စဉ် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်နေသောကြောင့် ယခုရက်ပိုင်းအတွင်း အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု များပြားနေကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page