စစ်တပ်က ဖားကန့်နှင့်ဝိုင်းမော်ဘက် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ထိုးစစ်ပြင်းထန်နေ
- Pajau Media

- Sep 19, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၉ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

စစ်ကောင်စီတပ်များသည် ကချင်ပြည်နယ်၊ ဖားကန့်ဒေသနှင့် ဝိုင်းမော်ဒေသတို့တွင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေးအတွက် စစ်အင်အားဖြည့်တင်းကာ မြို့အနီးပတ်ဝန်းကျင်များကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်များက ကာမိုင်းမှတဆင့် ဖားကန့်ဘက်သို့ စက်တင်ဘာ ၁၆ရက်နေ့ကတည်းက စစ်ကား (စီး) ဖြင့် စစ်ကြောင်ထိုးလာခဲ့ရာ၊ လက်ရှိ လုံးခင်းကျေးရွာသို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ကျန်ရှိနေသော အင်အားစုများနှင့် ပူးပေါင်းကာ နေစဥ်စစ်ကြောင်းထိုး တိုက်ခိုက်နေကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်မှ ဖားကန့်-ဆန်းကြွယ်ကျေးရွာကို သိမ်းပိုက်ပြီးနောက် လက်နက်ကြီးပစ်ခတ်ခြင်း၊ ကျောက်မျက်လုပ်ကွက်များကို မီးရှို့ဖျက်ဆီးခြင်းများ ဆက်တိုက် ပြုလုပ်နေသည်ဟု ဆိုသည်။
တစ်ဖက်တွင်လည်း ဝိုင်းမော်-လမြန်ဒေသဘက် စစ်တပ်မှ လေကြောင်းဗုံးကြဲခြင်း၊ လက်နတ်ကြီးပစ်ခတ်မှုနှင့် မြေပြင်ထိုးစစ်ဆင်ခြင်းများ ဆက်တိုက်ပြုလုပ်နေသည်။
စစ်ကော်မရှင်က လက်ရှိ ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည်သိမ်းပိုက်ရရှိပါက ကြားဖြတ်ရွေးကောက်ပွဲများ ဆက်တိုက်ပြုလုပ်သွားရန်ရှိကြောင်းနှင့် အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲများကို ကြံ့ခိုင်ရေးပါတီက အပြည့်အ၀ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဖရိန်း




Comments