top of page

စစ်တပ်စစ်ကြောင်း လှုပ်ရှားလာချိန် အရပ်သားပြည်သူများ သတိထားရန် KIOသတင်းဌာန သတိပေး

  • Writer: Pajau Media
    Pajau Media
  • Aug 30, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၃၀ရက်၊ ဩဂုတ်၊ ၂၀၂၅။


ကချင်ပြည်နယ်အတွင်း စစ်ကောင်စီက နေ့စဉ်စစ်ကြောင်းထိုး ထိုးစစ်ဆင်တိုက်ပွဲများ ဆင်နွှဲနေပြီး၊ စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ချီတက်လာချိန် ရှေ့ထွက်ကြည့်ခြင်းများ မလုပ်ရန် KIOသတင်းဌာနက သတိပေးထားသည်။


စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က စစ်ကြောင်းထိုး ချီတက်လာချိန် လိုက်လံကြည့်ရှု့ ထွက်ကြည့်သူများကို သေနတ်ပစ်ခတ်သွားခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းမျိုး လုပ်ဆောင်နေသောကြောင့် သတိထားရမည်ဖြစ်ပြီး၊ စစ်တပ်က အရပ်သားပြည်သူနှင့် ရန်သူကို ခွဲခြားကာ ပစ်ခတ်နေခြင်းမဟုတ်သောကြောင့် စစ်ကြောင်းလှုပ်ရှားနေချိန် ရှေ့ထွက်ကြည့်ခြင်းမျိုး မလုပ်ဆောင်ရန် ပြောဆိုထားသည်။


လက်ရှိမှာတော့ ဝိုင်းမော်-လမြန်၊ ဗန်းမော်အပြင် ဖားကန့်ဒေသတို့တွင် စစ်တပ်မှ စစ်ကြောင်းထိုးကာ စစ်အင်အားဖြည့်တင်း လှုပ်ရှားမှုများ ဆက်တိုက်ရှိနေပြီး၊ နှစ်ဖက်စစ်ရေးတင်းမာကာ နေ့စဉ်တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်သည်။


ပြီးခဲ့သည့် ဩဂုတ်၂၅ရက်နေ့တွင်လည်း ဖားကန့်မှော်စီစာဘက်မှ ဖားကန့်ဗျူဟာကုန်းဘက် စစ်အင်အားဖြည့်တင်းလာသည့် စစ်တပ်စစ်ကြောင်းက ဖားကန့်အဝင် ပံတင်းတံတားတွင် စစ်ကြောင်းလှုပ်ရှားလာသည်ကို ရပ်ကြည့်နေသည့် အမျိုးသမီးတစ်ဦးကို သေနတ်ပစ်သတ်ခဲ့ကြောင်း သိရသည်။


ထို့အပြင် ဩဂုတ်၂၄ရက်နေ့တွင်လည်း ဖားကန့်ဒေသဘက် စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းမှ မှော်စီစာမှ အမျိုးသား(၉)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page