စစ်တပ်နှင့် SNAအင်အားစုများက ဗန်းမောက်မြို့နားထိ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ
- Pajau Media

- Oct 18, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၈ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

စစ်ကော်မရှင်နှင့် SNAပူးပေါင်းတပ်ဖွဲ့တို့က ဗန်းမောက်မြို့နားထိ ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များမှာ အောက် တိုဘာ ၁၄ရက်နေ့ကတည်းက ဗန်းမောက်မြို့နားထိ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ပြီး တော်လှန်တပ်ဖွဲ့ဘက်မှလည်း တန်ပြန်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။
ထို့အပြင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပြီး၊ ဒရုန်းများဖြင့်လည်း နေ့စဥ်ပျံသန်း ကင်းထောက်နေသည်ဟု ဆိုသည်။
ဗန်းမောက်မြို့ကို ပြီးခဲ့သည့် စက်တင်ဘာ၂၀ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားခြင်းဖြစ်ပြီး၊ SNAနှင့် စစ်တပ်အင်အားစုများက ဟုမ္မလင်းဘက်မှ ဗန်းမောက်မြို့ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက််လာခြင်း ဖြစ်သည်။
အောက်တိုဘာ ၁၅ ရက်နေ့တွင်လည်း စစ်တပ်က ဗန်းမောက်မြို့ထဲကို ဂျက်ဖိုက်တာတစီးနှင့် ဗုံးနှစ်လုံး ကြဲချခဲ့သေးသည်။
သတင်း - ထုဆိုင်း




Comments