top of page

စစ်တပ်နှင့်ပြည်သူ့စစ်တပ်ဖွဲ့မှ တနိုင်း-ရွှေမှော်တွင်း လုယူစားသောက်နေကြဟုဆို

  • Writer: Pajau Media
    Pajau Media
  • Jan 3
  • 1 min read

ပါဂျောင်မီဒီယာ

၃ရက်၊ဇန္န၀ါရီ၊၂၀၂၅။


စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များမှာ လက်ရှိ တနိုင်း-ရွှေမှော်တွင်းရှိ ပြည်သူများ၏ ပစ္စည်းများကို စိတ်ကြိုက်လုယူ စားသုံးနေကြောင်း သိရသည်။


"အခုက ၀ေလောရွှေမှော်တွင်းက နေအိမ်တွေမှာပစ္စည်းတွေကို သုံးဆွဲပေးနေကြတယ်။ နေအိမ်တစ်အိမ်ပြီးတစ်အိမ် ၀င်ထွက်စားသုံးနေကြတယ်။ တန်ဖိိုးရှိတဲ့ပစ္စည်းတွေ၊ ငွေတွေကို ယူနေကြတယ်။" ဟု ရွှေမှော်တွင်းမှ လုပ်သားတစ်ဦးက ပြောသည်။


ရွှေမှော်တွင်း ပြည်သူများ လုပ်ကိိုင်စားသောက်နေထိုင်ကြသည်ကို စစ်ကောင်စီက ယခင်နှစ် ဒီဇင်ဘာလကတည်းက လေယာဥ်ဗုံး လာရောက်ပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။


ထိို့အပြင် ပြည်သူ့စစ်တပ်ဖွဲ့က ပြည်သူများအားလုံး ထွက်ပြေးတိမ်းရှောင်ရန် ပြောဆိုမှုများရှိခဲ့ပြီး၊ တိမ်းရှောင်ပေးပြီးနောက် ယခုချိန်ထိ လုယူစားသုံးနေကြောင်း သိရသည်။


လက်ရှိ ၀ေလော၊ ရခိုင်ကုန်း၊ ရေချောင်း စသည့်လုပ်ကွက်များတွင် လုပ်ကိိုင်စားသောက်၍မရတော့သည့်အပြင် စစ်တပ်မှလည်း နေရာယူနေပြီး၊ ပြည်သူများလည်း လုပ်ငန်းရပ်တန့်ထားကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page