top of page

စစ်တပ်မှ တန်ဖရဲဂိတ်အထွက်ကို ပိတ်ပင်ထားသောကြောင့် ခရီးသွားပြည်သူများ ပြန်လမ်းမရှိ ခက်ခဲနေ

  • Writer: Pajau Media
    Pajau Media
  • Oct 2, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂ရက်၊ အောက်တိုဘာ၊၂၀၂၅။


မြစ်ကြီးနားမြို့အထက်ပိုင်း တန်ဖရဲဂိတ်တွင် စစ်ကော်မရှင်တပ်က ခရီးသွားပြည်သူတွေကို အထွက်ပိတ်ပင် ထားတာကြောင့် ခရီးသွားပြည်သူတွေနှင့် အရေးပေါ်ဆေးလာရောက် ကုသသူတွေအတွက် ပြန်လမ်းခက်ခဲနေကြောင်း သိရသည်။


စစ်ကော်မရှင်တပ်က တန်ဖရဲဂိတ်တွင် မြစ်ကြီးနားဘက် အဝင်သာလက်ခံပြီး မြစ်ကြီးနားအထွက်ကို အသက် ၁၈နှင့် အသက် ၄၀ ကြားရှိသူများကို ထွက်ခွင့်မပြုထားကြောင်း မြစ်ကြီးနားဘက် ဆေးလာကုသသည့် ပြည်သူတစ်ဦး ပြောပြချက်အရ သိရသည်။


“ဖျားလို့ မြစ်ကြီးနားဘက် ဆေးလာကုပြီး ပြန်မယ်ဆိုရင်ပြန်လို့မရ၊ မြစ်ကြီးနားဘက် ပြန်လှည့်ပြန်မယ်ဆိုရင်လည်း ငွေကြေးကမရှိ၊ ဟိုကိုယ့်အိမ်ကိုယ့်နေရာဆိုရင်တော့ စားစရာလောက်တော့ရှိတာပေါ့။ ခုဒီမှာက ဘယ်သူကြွေးမှာလဲ၊ စားစရာရှိတဲ့ ကိုယ်အိမ်ပြန်ချင်တာပေါ့၊ လေယာဥ်နဲ့ပြန်မယ်ဆိုရင်လည်း လေယာဥ်က ဈေးတအားကြီးတော့ မတတ်နိုင်ဘူးလေ။ KIA တွေ စုဆောင်းရေးကို ကြောက်တယ်ဆိုရင်တောင်မှ အဲလိုဆေးလာကုတဲ့သူတွေနဲ့ အရေးပေါ် လူတွေကိုတော့ ဖြတ်ခိုင်းသင့်တယ်။ “ဟု ပြောသည်။


မြစ်ကြီးနားဘက်ကို ဆေးလာကုသည့်သူများ၊ ကလေးကာကွယ်ဆေးလာထိုးသူများကိုလည်း ပြန်မလွတ်သောကြောင့် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပြီး၊ ကုန်ဈေးနှုန်းတက်၊ ငွေရှာရခက်သည့်အချိန်တွေ ခုလိုပတ်ပင်ထားခြင်းမှာ မဖြစ်သင့်ကြောင်း အရေးပေါ်လိုအပ်နေသူများနှင့် အခက်အခဲဖြစ်နေသူများမှာ လွတ်ပေးသင့်ကြောင်း သူက ဆက်လက်ပြောသည်။


မြစ်ကြီးနား - ပူတာအို လမ်းတစ်လျှောက်တွင် KIA နှင့် PDF များမှ သက်လတ်ပိုင်း လူငယ်များကို စုဆောင်းရေးဆွဲနေသောကြောင့် စစ်တပ်မှလည်း ခရီးသွားပြည်သူများ၊ ဆေးလာကုသသူများနှင့် ကလေးကာကွယ်ဆေး လာထိုးသူများကို ပြန်မလွတ်ခြင်း ဖြစ်နိုင်ကြောင်း သိရသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page