စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဗန်းမော်ပြည်သူများ၏ နေအိမ် ၈၈ရာခိုင်နှုန်းနီးပါး ပျက်စီး
- Pajau Media

- Aug 26, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၆ရက်၊ သြဂုတ်၊ ၂၀၂၅။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် ဗန်းမော်ပြည်သူများ၏ နေအိမ် ၈၈ရာခိုင်နှုန်းနီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း ဗန်းမော်ခရိုင် လူ့အခွင့်အရေးလှုပ်ရှားနေသူများက ပြောသည်။
ဩဂုတ်လဆန်းပိုင်းကတည်းက စစ်သင်္ဘောအုပ်စုများသည် ဗန်းမော်မြို့သို့ ရောက်ရှိလာပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့်အပြင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုလည်း နေ့စဥ်ရှိနေကြောင်း သိရသည်။
စစ်တပ်က နေ့စဥ်မပြတ် လေကြောင်းဗုံးကြဲတိုက်ခိုက်နေမှုကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးစစ်ဘေးရှောင်နေရသည့်အပြင် ဒေသခံပြည်သူများ၏ နေအိမ်များလည်း ထိခိုက်ပျက်စီးသွားသည်။
ထို့အပြင် စစ်ကောင်စီက တာဝန်ထမ်းဆောင်ခဲ့သော အစိုးရဝန်ထမ်းများအား ဗန်းမော်မြို့သို့ တာဝန်ပြန်လာ ထမ်းဆောင်ရန် ပြန်ခေါ်ယူနေသည်ဟု ဆိုသည်။
ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဗန်းမော်မြို့တွင် ကြီးမားသည့် မြို့သိမ်းတိုက်ပွဲအဖြစ် ဖြစ်ပွားနေတာ ၈လကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး စစ်တပ်၏ တပ်စခန်းနေရာအများစုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားပြီး ဖြစ်သည်။
သတင်း - ဖရိန်း




Comments