စစ်တပ်လေယာဉ်ဗုံးကြဲမှုကြောင့် တစ်လတွင်း ပြည်သူ(၁၈၅)ဦးသေဆုံး၊ (၅၂၂)ဦး ထိခိုက်
- Pajau Media

- Nov 15
- 1 min read
ပါဂျောင်မီဒီယာ
၁၅ရက်၊နိုဝင်ဘာ၊၂၀၂၅။
စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အောက်တိုဘာအတွင်း ပြည်သူ (၁၈၅)ဦး ထိခိုက်သေဆုံးခဲ့ပြီး၊ ထိုထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၃၈ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၅၂၂)ဦးရှိကာ အသက် ၁၈နှစ်အောက် ကလေးငယ် (၆၇) ဦးပါဝင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာအတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း (၅၅၉) မှုကို ကျူးလွန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု (၂၅၀)ကြိမ်အထိ ကျူးလွန်တိုက်ခိုက်မှုကြောင့် ပြည်သူစုစုပေါင်း (၁၈၅) ဦး သေဆုံးကာ ပြည်သူ (၅၂၂) ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီက နိုင်ငံတဝန်း လေကြောင်း၊ လက်နက်ကြီး ဗုံးကြဲတိုက်ခိုက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကလေးစစ်သားအဖြစ် ဖမ်းဆီးစေခိုင်းမှု၊ ဘာသာရေးအဆောက်အအုံများ ဖျက်ဆီးမှု၊ ညှင်းပမ်းနှိပ်စက်မှု၊ အတင်းအဓမ္မစေခိုင်းမှု တရားလက်လွတ်သတ်ဖြတ်မှု၊ ပြည်သူနေအိမ်များ မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေခဲ့သည်။
စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်များ (၂၆၀)ကျော်၊ ကျောင်း (၂၄)ကျောင်း၊ ဘာသာရေးအဆောက်အအုံ (၁၈) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရသည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲ ပြုလုပ်ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းနေသောကြောင့် နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်ထိုးစစ်ဆင်မှုလည်း ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။
သတင်း-ဖရိန်း







Comments