top of page

စစ်တပ်၏ လက်နက်ကြီးကြောင့် လုံးခင်းအုပ်စု ရွာမကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ထိခိုက်

  • Writer: Pajau Media
    Pajau Media
  • Nov 15, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၅ရက်၊နိုဝင်ဘာလ၊၂၀၂၅။


ကချင်ပြည်နယ်၊ ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု ရွာမ ကျေးရွာအတွင်း ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါသည်။


“ မနေ့က ရွာထဲမှာ ကျတယ်လို့တော့ကြားတယ် သွားတော့ မကြည့်ဖြစ်ခဲ့ဘူး၊ ဆရာမတစ်ဦးနဲ့ ကလေးတစ်ဦးထိတယ် လို့တော့ကြားရတယ်၊ နာမည်တွေတော့ မသိရဘူး။” ဟု ဖားကန့်တွင်နေထိုင်သူ အမျိုးသားတစ်ဦးပြောပြသည်။


စစ်ကောင်စီ၏ ဗျူဟာကုန်းမှ ရမ်းတမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးက ၁၂ နာရီ ခွဲ ဝန်းကျင်တွင် မှုကြိုကျောင်းအနီး ကျရောက်ပေါက်ကွဲမှုကြောင့် မှုကြိုဆရာမတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

နောက်ထပ် လက်နက်ကြီးတစ်လုံးလည်း ရွာလည်တွင် ကျရောက်ပေါက်ကွဲသောကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


ဖားကန့်မြို့တွင် စစ်ကော်မရှင်၏ လက်နက်ကြီးအပြင် လေကြောင်းရမ်းတမ်းပစ်ခတ်မှုကြောင့် အပစ်မဲ့အရပ်သားများ ထိခိုက်သေဆုံးရပြီး နိုဝင်ဘာလ ၁၂ ရက်နေ့တွင်လည်း Y-12 လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိခင်တစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရရှိခဲ့သည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page