top of page

စစ်တပ်၏ လက်နက်ကြီး နန့်၀ါ-မုတ်ကျိတ် KBCဘုရားကျောင်းပေါ် ကျရောက်ပေါက်ကွဲ

  • Writer: Pajau Media
    Pajau Media
  • Aug 28, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၈ရက်၊ သြဂုတ်၊ ၂၀၂၅။


၀ိုင်းမော်-လမြန်တိုက်ပွဲတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သော လက်နတ်ကြီး ဝိုင်းမော် - ဝါးရှောင်သွားလမ်းရှိ နန့်ဝါ-မုတ်ကျိတ် KBC ဘုရားကျောင်းပေါ်ကျရောက်ပေါက်ကွဲကာ ထိမှန်ပျက်စီးသွားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။


စစ်ကောင်စီတပ်များသည် ဝိုင်းမော်-လမြန်ဘက်တွင် ယခုရက်ပိုင်း လေကြောင်းဗုံးကြဲကာ လေကြောင်းများဖြင့် စတင်ထိုးစစ်ဆင်နေကာ မြေပြင်မှလည်း ထိုးစစ်ဆင်လာသောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။


စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ပွဲကြောင့် ယခုရက်ပိုင်း မြစ်ကြီးနားမြို့တွင်လည်း နေ့စဥ်မပြတ် လက်နတ်ကြီးသံများ ကြားနေရပြီး လုံခြုံရေးလည်း ပိုမိုတင်ကြပ်ထားကြောင်း ဒေသခံများကပြောသည်။


ထို့အ​ပြင် စစ်တပ်က လမြန်ကျေးရွာဘက်တွင် သြဂုတ်လ ၂၆ရက်နေ့ နံနက်ပိုင်းအချိန်ကတည်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး နေ့လယ် ၁နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်ဗုံးကြဲခဲ့ကြောင်း သိရသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page