စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပညာရေးကဏ္ဍမှ (၁၁၂)ဦး သေဆုံး
- Pajau Media

- 4 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၂ရက်၊ဇန္နဝါရီ၊ ၂၀၂၆။

မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း ပညာရေးကဏ္ဍက ဆရာ၊ ဆရာမနှင့် ကျောင်းသား ကျောင်းသူပေါင်း ၁၁၂ ဦး သေဆုံးခဲ့ကြောင်းကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်အရ သိရသည်။
သေဆုံးသူ ၁၁၂ ဦးထဲမှ ၉၆ ဦးကိုသာ AAPP က အမည်နှင့်တကွ အတည်ပြုထားနိုင်ပြီး သေဆုံးသူ ၉၆ ဦးထဲတွင် အမျိုးသမီး ၄၇ နှင့် အမျိုးသား ၄၉ ဦး ပါဝင်ပြီး ကျန် ၁၆ ဦးကိုတော့ အတည်မပြုနိုင်သေးကြောင်း သိရသည်။
ပညာရေးကဏ္ဍက သေဆုံးသူ ၁၁၂ ဦးထဲမှ ၈၀ ဦးမှာ စစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာဖြစ်ကြောင်း AAPP က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်များသည် မြန်မာနိုင်ငံတစ်ဝန်းတွင် တိုက်ပွဲဖြစ်ပွားနေသည့်နေရာတွင် သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများထိ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments