top of page

စစ်ရှောင်ပြည်သူ ကိုးရာရှိသည့် ဝိုင်းမော်-ခါနန်စစ်ရှောင်စခန်းတွင် ဆန်နှင့် ဆေးဝါးပစ္စည်းများ အကူအညီလိုအပ်နေ

  • Writer: Pajau Media
    Pajau Media
  • Aug 19, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၉ ၊ ၈၊၂၀၂၄။



ree

ကချင်ပြည်နယ်၊ ဝိုင်းမော်ြမို့နယ်အတွင်း ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲများကြောင့် ဝိုင်းမော်-ဝူယာန်ကျေးရွာမှ ခါနန်ကျေးရွာ စစ်ရှောင်စခန်းသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံကိုးရာအတွက် ဆန်၊ အစားအသောက်များနှင့် ဆေးဝါးပစ္စည်းအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။


ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ရှောင်များတွင် သက်ကြီးရွယ်အိုများ၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များ အများအပြား ပါဝင်လာသည့်အပြင် ယင်းဒေသခံများအတွက် အာဟာရရှိသည့်အစားအစာများနှင့် ဆေးဝါးပစ္စည်းများ အရေးပေါ်လိုအပ်နေခြင်းဖြစ်သည်။


ထို့အပြင် မိုးရာသီအချိန်ကာလဖြစ်သောကြောင့် မသန့်ရှင်းသည့် ရေများကိုသာ သုံးစွဲနေရသလို ဝမ်းပျက်၊ဝမ်းလျှောနှင့် ငှက်ဖျား၊တုတ်ကွေး ဖျားနာသူလည်း ယခင်ထက် များပြားလာကြောင်း သိရသည်။


စစ်ရှောင်နေသည့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေစဉ် ဆန်အပါအဝင် အခြားစားသောက်ကုန်ပစ္စည်းများ ယူဆောင်လာခဲ့ပေမယ့် စစ်ရှောင်ကာလ သုံးလကျော်ကြာမြင့်လာပြီဖြစ်သောကြောင့် ပါလာသည့် စားသောက်ကုန်များလည်း ကုန်လာနေပြီဖြစ်သည်ဟု စစ်ရှောင်များက ပြောသည်။


ထို့ကြောင့် လူဦးရေကိုးရာရှိသည့် ခါနန်စစ်ရှောင်စခန်းမှ ဒေသခံများမှာ စားနပ်ရိက္ခာပြတ်လတ်လာပြီး အစားအသောက် အကူအညီများ အရေးပေါ်လိုအပ်နေရုံသာမက ရာသီပေါ်ဖျားနာသည့် ငှက်ဖျား၊တုတ်ကွေး၊ဝမ်းပျက်၊ဝမ်းလျှောရောဂါ ခံစားနေရသူလည်း များပြားလာသဖြင့် ဆေးဝါးပစ္စည်းအကူအညီများလည်း လိုအပ်လျက်ရှိနေကြောင်း သိရသည်။


အထက်ပါ စစ်ရှောင်ပြည်သူများမှာ ပြီးခဲ့သည့် ဧပြီလ ၇ရက်နေ့မှစပြီး ကချင်လွတ်မြောက်ရေးတပ်(KIA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ ပြင်းထန်လာသောကြောင့် ဘေးလွတ်ရာနေရာဒေသသို့ စခန်းချကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ထပ်မံသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page