top of page

စစ်ရှောင်များ ပြန်လာကြသည့် နေရပ်ရင်းဒေသများတွင် အစိုးရမှ ဆေးပေးခန်းများ ဖွင့်လှစ်ပေးရန် ပြည်သူများလိုလား

  • Writer: Pajau Media
    Pajau Media
  • Jan 8
  • 1 min read

ပါဂျောင်မီဒီယာ

၈ရက်၊ဇန္နဝါရီ၊၂၀၂၆။


လက်ရှိ စစ်ရှောင်စခန်းမှ နေရပ်ရင်းကို ပြန်လာကြသည့် ပြည်သူများမှာ ကျန်းမာရေးအတွက် ကျေးရွာအတွင်း သက်ဆိုင်သည့် အစိုးရစီမံကိန်းနှင့် ဆေးပေးခန်းများ ဖွင့်လှစ်ပေးရန် လိုလားနေကြကြောင်း သိရသည်။


ဒေသဖွံ့ဖြိုးရေးနှင့် ကိုယ်ထူကိုယ်ထ ပြန်လည်ထူထောင်ရန် ဒေသခံများ မိမိနေရပ်ရင်းသို့ ပြန်လာနေထိုင်ကြသော်လည်း ကျေးရွာတွင်း ခိုင်ခံ့သည့်ဆေးပေးခန်းနှင့် နေရာမရှိသေးဘူးဟု ဆိုသည်။


ကျန်းမာရေးအတွက် မြို့ကြီးသို့ အချိန်ပေးသွားရောက်ကုသနေရပြီး၊ လမ်းခရီးခက်ခဲသောကြောင့် ကျေးရွာတွင်း အစိုးရမှ စီမံကိန်းချမှတ်ကာ ဆေးပေးခန်းများ စီစဉ်ဆောင်ရွက်ပေးရန် လိုလားကြခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။


၂၀၂၄ခုနှစ်ကတည်းက KIAပူးပေါင်းတပ်ဖွဲ့များ မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးနောက် သိမ်းပိုက်ထားပြီးဖြစ်သည့် ဒေသများတွင် အချို့ဒေသခံများက နယ်မြေရှင်းလင်းကာ စတင်ပြန်လာနေ‌ နေကြပြီဖြစ်သည်။


သို့သော် သက်ကြီးရွယ်အိုများ၊ မကျန်းမာသူများမှာကျေးရွာတွင်း ကျန်းမာရေးအတွက် ကောင်းမွန်သည့် ဆေးပေးခန်းများ မရှိသေးသောကြောင့် မပြန်လာနိုင်ကြသေးသလို၊ လက်ရှိချိန်ထိ စစ်ရှောင်စခန်းတွင်း သောင်တင်နေသူများ ရှိနေသေးသည်။


နေရပ်ရင်းပြန်လာကြသူများလည်း ကျန်းမာရေးအတွက် မြစ်ကြီးနားမြို့နှင့် လိုင်ဇာမြို့အပြင် အခြား မိုင်ဂျာယန်နှင့် မူဆယ် စသည့်ဒေသဘက် သွားလာကုသနေရကြောင်း သိရသည်။


လက်ရှိတွင် နေရပ်ရင်းဒေသ ကျေးရွာတွင်း ဘာသာရေးအသင်းတော်များမှ ဖွင့်လှစ်ပေးသော ရှမိုင်းရှစိုင် ဆေးပေးခန်းများမှလွှဲ၍ အခြားအစိုးရမှ စီစဉ်ပေးသော ဆေးပေးခန်းများ မရှိသေးကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page