top of page

စစ်ရေးအခြေအနေကြောင့် ကချင်ပြည်နယ်မှ အချို့ကျောင်းများ ယာယီပိတ်ပင်ထားရ

  • Writer: Pajau Media
    Pajau Media
  • Sep 4, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၄ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


ကချင်ပြည်နယ်အတွင်း ထိတွေ့တိုက်ပွဲ ပိုမိုပြင်းထန်လာတာ ဩဂုတ်လကုန်ပိုင်းကတည်းကဖြစ်ပြီး စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုအား အဓိကအသုံးပြု တိုက်ခိုက်လာခြင်းကြောင့် အချို့ဒေသများတွင် စာသင်ကျောင်းများ ယာယီပိတ်ပင်ထားရကြောင်း သိရသည်။


“မြစ်ကြီးနား-ဗန်းမော်လမ်းဖြစ်တဲ့ ဂါးရာယန်၊ ကဇူး၊ ဒဘတ် စတဲ့ ဒေသတွေမှာ စစ်ရှောင်တွေ အများအပြား ပြန်လည်ထူထောင် နေထိုင်ကြပြီဟုတ်တယ်။ လက်တလော ဝိုင်းမော်ဘက် တိုက်ပွဲတွေ များလာတယ်။ တနေ့ကလဲ လေကြောင်းတွေ ပျံဝဲလာလို့ ဂါးရာယန်က အစိုးရကျောင်းတွေ၊ အမျိုးသားကျောင်းတွေ အကုန်လုံး ယာယီပိတ်လိုက်ရတယ်။ အခြေအနေကြည့်မှ ပြန်ဖွင့်ရမယ်။” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။


ဝိုင်းမော်ဘက်ရှိ အစိုးရကျောင်းများကိုလည်း တိုက်ပွဲပြင်းထန်နေသည့်အပြင် လေကြောင်း၊ ဒရုန်းနှင့် မပခမှ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ကူမှုကြောင့် စက်တင်ဘာ၂ရက်နေ့မှစပြီး စာသင်ကျောင်းများကို ယာယီပိတ်ထားခဲ့ပြီဖြစ်ကြောင်းနှင့် စစ်ရေးအခြေအနေကြည့်ကာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။


အလားတူ တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်ဒေသတွင်လည်း အစိုးရကျောင်းများ အားလုံးကို စက်တင်ဘာ၂ရက်နေ့မှစပြီး ယာယီပိတ်ပင်ရန် စစ်ကော်မရှင် ပြောဆိုထားကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page