top of page

စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပျက်ပြားအောင် ဆန္ဒပြလှုံ့ဆော်သည်ဟု အရေးယူခံရသူ(၁၂)ဦးထိရှိလာ

  • Writer: Pajau Media
    Pajau Media
  • Sep 30, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၃၀ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


စစ်အုပ်စုက ပြုလုပ်ကျင်းပသွားမည့် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၄) ပါတီကို ပယ်ဖျက်ခံပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ပျက်ပြားအောင် ဆန္ဒပြ၊လှုံ့ဆော်သည်ဟု ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနှင့် အာဏာသိမ်းစစ်အုပ်စုက အရေးယူခဲ့သူပေါင်း (၁၂) ဦးအထိ ရှိလာကြောင်း သိရသည်။


စစ်ကော်မရှင်က ပြုလုပ်ကျင်းပသွားမည့် ရွှေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၁၀) ပါတီထဲက ပါတီ (၄) ပါတီကို ပါတီရုံးခန်းများ သတ်မှတ်အရည်အသွေး မပြည့်မှီသည့် အကြောင်းပြချက်ဖြင့် ဖျက်သိမ်းခဲ့သည်။


ထို့အပြင် စစ်အုပ်စုများသည် ရွေးကောက်ပွဲကို ပျက်ပြားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာနှင့် အများပြည်သူဆိုင်ရာနေရာများတွင် ဟောပြောပွဲပြုလုပ်ခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲထားခြင်းနှင့် ဟန့်တားဖျက်ဆီးခြင်း စသည့်လုပ်ဆောင်ချက်များကို ရွှေးကောက်ပွဲကာကွယ်ရေး ဥပဒေ၊ပုဒ်မတို့ဖြင့် ထိရောက်စွာ အရေးယူနေသည်။


ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ ပုဒ်မ၂၃(က)အရ မည်သူမဆို တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရင် ထောင်ဒဏ် အနည်းဆုံး သုံးနှစ်ကနေ ခုနှစ်နှစ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဥပဒေမှာ ဖော်ပြထားသည်။


စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပရန် နိုင်ငံတော်ကို အရေးပေါ်အခြေအနေမှ ပယ်ဖျက်ပြီး စစ်ကောင်စီကို မဖျက်သိမ်းခင် ရက်ပိုင်းအချိန်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ဇူလိုင်နှောင်းပိုင်းတွင် ပြဌာန်းခဲ့သည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page