top of page

ဆိုင်းတောင်ကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့မှ စုဆောင်းရေးဆွဲချိန် အသက်မပြည့် မိန်းကလေးငယ်များ ပါဝင်နေသောကြောင့် မိဘများစိုးရိမ်

  • Writer: Pajau Media
    Pajau Media
  • Oct 6, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၆ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


ဖားကန့်-ဆိုင်းတောင်၊ ဆိပ်မူကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာ(၄)ရက် နေ့လည်(၂)နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့မှ စုဆောင်းရေးဆွဲရာတွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ်များ ပါဝင်နေသောကြောင့် မိဘများစိုးရိမ်ပြီး အမြန်လွှတ်ပေးရန် တောင်းဆိုနေကြသည်။


"တောက ပေါ်တာဆွဲသွားတာ၊ ဆိပ်မူ မှော်ရှန်က ပြည်လုံးချမ်းသာစေတီမှာ လပြည့်နေ့အတွက် သန့်ရှင်းရေးလုပ်နေတဲ့ လူငယ်တွေ ပါသွားတာ၊ စုစုပေါင်း(၈)ယောက်ပါသွားတယ် ၊ အသက် ၁၆/၁၇နှစ် ကလေးမလေးတွေက အစပါတယ်။"ဟု မျက်မြင်တစ်ဦးက ပြောသည်။


ဘာသာရေးပွဲအတွက် ပါဝင်လုပ်ကိုင်‌နေသော ကလေးများကို ဘုရား‌ပေါ်ထိ ပေါ်တာဆွဲခြင်းကြောင့် ပြည်သူများ၏ ဝေဖန်မှုများရှိနေပြီး၊ စစ်ကော်မရှင်ကဲ့သို့ ပြုမူသည့်လုပ်ရပ်မျိုး ပြုလုပ်ခြင်းမပြုဘဲ ပြည်သူကို ကြည့်ပေးဖို့ ပြည်သူများမှ တောင်းဆိုနေကြသည်။


ပြီးခဲ့သည့် အောက်တိုဘာလဆန်းတွင်လည်း စုဆောင်းရေးဆွဲချိန် ကြောက်လန့်၍ မြေစာပုံပေါ် ပြေးတက်သွားသည့် အမျိုးသားတစ်ဦး ကမ်းပါးမှ ပြုတ်ကျသေဆုံးမှု ရှိခဲ့ကြောင်း ထပ်မံသိရသည်။


ဒေသခံများ ပြောဆိုချက်အရ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ စုဆောင်းရေးဆွဲချိန် အသက်မပြည့်သောသူ/ကျောင်းသား/သူများ၊ CDMဝန်းထမ်းနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသောသူများ၊ ကိုယ်လက်အင်္ဂါမပြည့်စုံသောသူများ၊ ကျန်းမာရေးမကောင်းသောသူများနှင့် မိသားစုအတွင်း၌ တော်လှန်ရေးအတွက် တစ်ဦးတစ်ယောက် ရှိထားသောသူများ စသည့်သတ်မှတ်ချက်ရှိသူများကို မိဘများက ခေါ်ယူချိန် ပြန်လွှတ်ပေးလေ့ရှိကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page