top of page

ဆိုင်းတောင်စစ်ပြေးရှောင်များ အကူအညီများစွာ လိုအပ်နေ

  • Writer: Pajau Media
    Pajau Media
  • Sep 21, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊စက်တင်ဘာ၊၂၀၂၄။



ree

စစ်ရေးတင်းမာနေဆဲဖြစ်သည့် ကချင်ပြည်နယ်၊ ဖားကန့်-ဆိုင်းတောင်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ပြေးရှောင် လေးထောင်ကျော်အတွက် လူမှုအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။


ပြီးခဲ့သည့် စက်တင်ဘာ ၄ရက်နေ့ကတည်းက KIA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား စစ်ရေးတင်းမာလာသည့်အပြင် နှစ်ဖက်ထိတွေ့တိုက်ပွဲပါ ဆက်လိုက်ဖြစ်ပွားလာသောကြောင့် ဆိုင်းတောင်ကျေးရွာှမှ ပြည်သူများ စစ်ပြေးတိမ်းရှောင်လာခဲ့ကြသည်။


လူဦးရေ လေးထောင်ကျော်ရှိသည့် ယင်းစစ်ပြေးရှောင် ပြည်သူများမှာ အစားအသောက်အပြင် အသုံးအဆောင်ပစ္စည်းများနှင့် သောက်ရေသန့်ပါ အရေးပေါ် လိုအပ်နေသည်ဟု စစ်ရှောင်များက ပြောသည်။

စစ်ပြေးရှောင် ပြည်သူများမှာ ယခုအချိန် နီးစပ်ရာ ဘုရားကျောင်းဝင်းများ၊ ဘုန်းကြီးကျောင်းများနှင့် မိမိဆွေမျိုးနေအိမ်များတွင် ကိုယ်ထူကိုယ်ထ တိမ်းရှောင်နေရသလို အချို့ပြည်သူများမှာ မထွက်ပြေးနိုင်ပဲ ကျေးရွာအတွင်း ပိတ်မိနေသေးသူများလည်း ရှိနေသေးသည်ဟု ဆိုသည်။




ပိတ်မိနေသေးသည့် ပြည်သူများမှာ စစ်ကောင်စီ၏ မထွက်ပြေးနိုင်အောင် တားမြစ်ပိတ်ပင်ခြင်း ခံရသူများဖြစ်ပြီး၊ ထွက်ပြေးတိမ်းရှောင်သူများလည်း တိုက်ပွဲပြင်းထန်လာချိန် ရုတ်တရက် စစ်ပြေးရသောကြောင့် အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ အလုံအလောက် မယူသွားနိုင်သောကြောင့် ပိုမိုခက်ခဲနေကြခြင်း ဖြစ်ကြောင်း သိရသည်။


လက်ရှိ ဖားကန့်-ဆိုင်းတောင်ဒေသတွင် KIA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား စစ်ရေးမှာ တင်းမာနေဆဲ ဖြစ်သောကြောင့် ထိတွေ့တိုက်ပွဲလည်း ယခုထက် ပိုမိုပြင်းထန်လာနိုင်သည်ဟု ဆိုသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page