ဆိုင်းတောင်တွင် စစ်တပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူအချို့ ထိခိုက်ဒါဏ်ရာရ
- Pajau Media

- Sep 22, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၂ရက်၊ စက်တင်ဘာ၊ ၂၀၂၅။
ဖားကန့်-ဆိုင်းတောင်ကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာ၂၀ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်၏ လက်နက်ကြီးကျည်သည် ဆိုင်းတောင်အပိုင်း(၃)မှ ရပ်ကွက်အတွင်းသို့ ကျရောက်ပြီး ပြည်သူ အချို့ ထိခိုက်ဒါဏ်ရာရပြီး လူနေအိမ် (၂)လုံးပျက်စီးခဲ့ပါသည်။
ဖားကန့်၏ နယ်မြေအခြေအနေများအရ ဖုန်း၊အင်တာနက် အခက်အခဲကြောင့် ဒါဏ်ရာရရှိသူများအား စုံစမ်းရန်ခက်ခဲနေဆဲ ဖြစ်သည်။
စက်တင်ဘာလ ၁၉ရက်နေ့တွင်လည်း စစ်ကော်မရှင်လက်အောက်ခံ ပြည်သူ့စစ်နှင့် ရှမ်းနီတို့မှ ထုံးဘိုကျေးရွာက ပြည်သူများနေထိုင်ရာသို့ ဒရုန်းဖြင့်ဗုံးသီး (၃)လုံးကျဲချခဲ့သဖြင့် နေအိမ်အဆောက်အဦးများ ပျက်စီးပြီး၊ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၁) ဦးတို့ သေဆုံးခဲ့သည်။
ဖားကန့်ဒေသတွင် လက်ရှိ စစ်ရေးအခြေအနေမှာ ပိုမိုပြင်းထန်လာသည့် အခြေအနေဖြစ်သောကြောင့် အရပ်သားပြည်သူ ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြသည့်အပြင် ဖားကန့်မြို့ပေါ်မှ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းမှ စစ်ရှောင်များလည်း အလံဖြူထောင်ကာ မြစ်ကြီးနားဘက် စတင်တိမ်းရှောင်နေကြပြီဖြစ်သည်။
စစ်ကော်မရှင်သည် ပြည်သူများကို အကြောက်တရားထည့်ပေးပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ပြည်သူများမှ ပြောဆိုနေကြသည်။
သတင်း - ကချင်ပြည်သား










Comments