top of page

ဆိုင်းတောင်တွင် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး၊ စစ်ရှောင် ခြောက်ထောင်နီးပါး လူမူအကူအညီ လိုအပ်နေ

  • Writer: Pajau Media
    Pajau Media
  • Oct 1, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁ရက်၊အောက်တိုဘာ၊၂၀၂၄။



ree

ကချင်ပြည်နယ်၊ ဖားကန့်-ဆိုင်းတောင်ဒေသတွင် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲမှာ ယနေ့အချိန်ထိ ဆက်လက်ဖြစ်ပွားနေပြီး၊ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင်များမှာ လူမှုအကူအညီများစွာ လိုအပ်နေဆဲ ဖြစ်ကြောင်း သိရသည်။


စက်တင်ဘာ ၂၉ရက်နေ့အထိ Lucky Men ဟိုတယ်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်သားများကို KIA ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်သောကြောင့် တိုက်ပွဲပြင်းထန်ခဲ့သလို တိုက်ပွဲဖြစ်ပွားသည့် နေရာသို့ စစ်ကူလာသည့် စစ်ကြောင်းများကိုလည်း KIA က စောင့်ကြိုတိုက်ခိုက်သဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။


ဖားကန့်-ဆိုင်းတောင်ဒေသအတွင်း နှစ်ဖက်စစ်ရေးမှာ တစ်လနီးပါးကြာမြင့်သည်အထိ ပြင်းထန်နေခဲ့ပြီး၊ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သောကြောင့် ယင်းဒေသရှိ ပြည်သူများမှာ ဘေးလွှတ်ရာနေရာဒေသများတွင် ဆက်လက်တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။


စစ်ရှောင်ကာလ ကြာမြင့်လာသည်နှင့်အမျှ ကိုယ်ထူကိုယ်ထ စစ်ဘေးရှောင်ကြသည့်ပြည်သူများမှာ စားနပ်ရိက္ခာအခက်အခဲများ၊ နေရာအထိုင်အခင်းအခက်အခဲများနှင့် ဆေးဝါးအခက်အခဲများကို ဆိုင်းတောင်စစ်ပြေးရှောင် ခြောက်ထောင်နီးပါးက အဘက်ဘက်မှ ကြုံတွေ့နေရကြောင်းနှင့် ယင်းတို့အတွက် လူမူအကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်များက ပြောသည်။


ဆိုင်းတောင်ဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာ၄ရက်နေ့မှစပြီး စစ်ရေးလှုပ်ရှားမှုများ စတင်လာခဲ့ရာ ၇ရက်နေ့နောက်ပိုင်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်လာခဲ့ပြီး၊ အရပ်သားပြည်သူ ခြောက်ထောင်နီးပါး စစ်ပြေးတိမ်းရှောင်ခဲ့ရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page