top of page

ဆားမှော်ဒေသတွင် ရွေးကောက်ပွဲအတွင်း ဆန္ဒမဲမထည့်ဝင်သူများ အရေးယူခံရမည်ဟုဆို

  • Writer: Pajau Media
    Pajau Media
  • Dec 18, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊ဒီဇင်ဘာ၊၂၀၂၅။


ဆားမှော်ဒေသတွင် စစ်ကော်မရှင်ကျင်းပသည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲမထည့်သူ၊ မပါဝင်သူများကို အရေးယူသွားမည်ဖြစ်ကြောင်း ရှမ်းနီပြည်သူ့စစ်(SNA)မှပြောထားသည်ဟု ဒေသခံများက ပြောသည်။


ဆားမှော်တွင် အခြေစိုက်ထားသည့် ခမရ(၃၈၃)၊ ခမရ (၃၈၄)တပ်စခန်းများတွင် လက်ရှိSNAတပ်ဖွဲ့များ ပြန်လည်နေရာယူထားပြီး၊ ဒီဇင်ဘာ၂၈ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဒေသခံများ ဆန္ဒမဲမထည့်ပါက ကျေးရွာမီးရှို့ဖျက်ဆီးမည်ဟု ပြောဆိုထားကြောင်း သိရသည်။


ခမရ(၃၈၃)၊ ခမရ (၃၈၄)တပ်စခန်းများတွင် နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် SNAတပ်ဖွဲ့များမှာ ယင်းတို့တပ်စွဲထားသည့် ဂိတ်စခန်းများတွင်လည်း ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်နေသည့်အပြင် ကျေးရွာအနီးဝန်းကျင်များတွင် နေ့ညအချိန်မရွေး လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။


အထက်ပါ ခမရ(၃၈၃)၊ ခမရ (၃၈၄)တပ်စခန်းအနီးတွင် ပြီးခဲ့သည့် ဒီဇင်ဘာ၁၆ရက် နေ့လည်အချိန်ခန့်တွင်လည်း KIAပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။


စစ်ကောင်စီနှင့် SNAပူးပေါင်းတပ်ဖွဲ့က ထိခိုက်သေဆုံးမှု များပြားသောကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်ဟု ဆိုသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page