ဆန်းကြွယ် ကုမ္ပဏီဝင်းမှ စက်ပစ္စည်းများကို စစ်တပ်က မီးရှို့ဖျက်ဆီး
- Pajau Media

- Oct 4, 2025
- 1 min read
ပါဂျောင်မီဒီယာ
၄ရက်၊ အောက်တိုဘာ၊ ၂၀၂၅။
ဖားကန့်-ဆန်းကြွယ်၊ ရတနာမိုးမြေ ကုမ္ပဏီအတွင်းရှိ စက်ပစ္စည်းများစွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများးဆီမှ သိရသည်။
အောက်တိုဘာ ၃ရက် နံနက် ၈နာရီဝန်းကျင်အချိန်တွင် ဆန်းကြွယ်ကုမ္ပဏီမှ ဘက်ဟိုး၊ ကားပစ္စည်းများစွာနှင့် နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖားကန့်ဒေသတွင် ယခုရက်ပိုင်းအတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း နှစ်ဖက်စစ်ရေးမှာ အပြန်အလှန် တင်းမာနေကြချိန် ဖားကန့်ဗျူဟာကုန်းမှ ဆိုင်းတောင်နှင့် အနီးဝန်းကျင်အတွင်း စစ်တပ်က နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့များက ဖားကန့်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေဆဲဖြစ်သလို လေကြောင်း၊ ဒရုန်းဗုံး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်နေကြသောကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့သလို စစ်ရှောင်ပြည်သူများလည်း ပိုမိုများပြားလာကြောင်း သိရသည်။
သတင်း - ထုဆိုင်း










Comments