top of page

တိုက်ပွဲဖြစ်ပွားနေသည့် ကသာဒေသကပြည်သူများကို စစ်ရှောင်ရန်အခွင့်အရေး စစ်တပ်မှပိတ်ပင်ထား

  • Writer: Pajau Media
    Pajau Media
  • Dec 30, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၃၀ရက် ဒီဇင်ဘာ ၂၀၂၅


စစ်ကောင်စီတပ်များသည် လက်ရှိတွင် ရွှေးကောက်ပွဲပြုလုပ်ကျင်းပနေသာ်လည်း တစ်ဖက်တွင် တိုက်ပွဲများလည်းပိုမိုပြင်းထန်နေပြီး တိုက်ပွဲပြင်းထန်နေသည့်ဒေသများမှ ပြည်သူများကို စစ်ရှောင်သိမ်းရန်အခွင့်အရေးပေးနေကြောင်း သိရသည်။


သို့သော်လည်း ကချင်ပြည်နယ် နှင့်စစ်ကိုင်းအဆက် ကသာဒေသတွင် ဒီဇင်ဘာ ၂၆ရက်နေ့ခန့်မှစပြီး ဒေသစောင့်ရှောက်ရေးအဖွဲ့ PDFတပ်နှင့် စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်ခဲ့သည်မှာ ယခုအချိန်ထိဖြစ်ပြီး ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ရန် အခွင့်အရေးကို စစ်တပ်မှ ပိတ်ပင်ထားသောကြောင့် ခက်ခဲနေကြကြောင်း သိရသည်။


တိုက်ပွဲသည် ဒေသအပြင်ဘက်မှ စတင်ခဲ့တာဖြစ်ပြီး လက်နက်ကြီးသံများဆက်တိုက်ကြားလာသောကြောင့် ဒေသခံပြည်သူများစိုးရိမ်နေပြီး ထွက်ပြေးတိမ်းရှောင်ရန်ပြင်ဆင်နေသော်လည်း ထွက်ပြေးတိမ်းရှောင်ခွင့်မပြုကြောင်း သိရသည်။


တိုက်ပွဲဖြစ်ပွားနေသည့်နေရာသည် ကသာ ရပ်ကွက် ၅ ၊ ၈နှင့် ခမရ ၃၀၉ အနီးတွင်ဖြစ်ပြီး Y-12 လေယာဥ်ဆက်တိုက်ပျံဝဲနေသောကြောင့် ဒေသခံပြည်သူများစိုးရိမ်နေပြီး ထွက်ပြေးတိမ်းရှောင်ခြင်ကြသော်လည်း အခွင့်အရေးမရသောကြောင့် ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် တိမ်းရှောင်နေကြကြောင်းသိရသည်။


တိုက်ပွဲပြင်းထန်နေပြီး နေအိမ်များမီးလောင်ပျက်စီးမှုများရှိနေကြောင်းလဲ သိရသည်။ကသာဒေသသည် ၂၀၁၄သန်းခေါင်စာရင်းအရ ပြည်သူ၂၆,၀၀၀ နေထိုင်ကြောင်းသိရသည်။


တိုက်ပွဲပြင်းထန်လာနိုင်သောကြောင့် တော်လှန်ရေးတပ်ဖွဲ့များက ပြည်သူများကို အမြန်ဆုံးတိမ်းရှောင်ကြရန် သတိပေးထားသော်လည်း စစ်တပ်မှ ထွက်ပြေးတိမ်းရှောင်ခွင့်ပိတ်ပင်ထားသောကြောင့် ပိုမိုခက်ခဲနေကြကြောင်း သိရသည်။


သတင်း-ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page