top of page

တိမ်းရှောင်သွားသည့် ကသာမြိို့တွင်း နေအိမ်များ ဖောက်ထွင်းခံနေရ

  • Writer: Pajau Media
    Pajau Media
  • Jan 6
  • 1 min read

ပါဂျောင်မီဒီယာ

၆ရက်၊ ဇန္နဝါရီ၊ ၂၀၂၆


တိုက်ပွဲကြောင့် စစ်တိမ်းရှောင်နေရသည့် ကသာမြို့စစ်ရှောင်ပြည်သူများ၏ နေအိမ်များ ဖောက်ထွင်းခံနေရကြောင်း ဒေသခံများထံက သိရသည်။


လက်ရှိ ကသာမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်နေသောကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။


ထိုသို့ ဘေးလွတ်ရာနေရာများတွင် တိမ်းရှောင်နေထိုင်နေကြသည့် ဒေသခံပြည်သူများ၏ နေအိမ်များ ဖောက်ထွင်းခံနေရပြီး ထိုဖောက်ထွင်းနေသူများမှာ အရပ်သားများအပြင် စစ်တပ်မှတပ်ဖွဲ့ဝင်တချို့လည်း ပါဝင်နေကြောင်း သိရသည်။


ထို့အပြင် စစ်တပ်၏လေကြောင်း ၊လက်နက်ကြီးများ ဗုံးကြဲတိုက်ခိုက်နေမှုကြောင့်လည်း ကသာမြို့ ဒေသခံပြည်သူ့နေအိမ်များ ထိမှန်ပျက်စီးမှုနှင့် မီးရှို့ဖျက်ဆီးခံနေရကြောင်းလည်း သိရသည်။


ကသာမြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊နှင့် နွေဦးတော်လှန်ရေးမဟာမိတ် တပ်ပေါင်းစု (SRA) တို့ ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page