top of page

တာမခန်မှ စစ်ရှောင်လာသူများ နေရာထိုင်ခင်းနှင့် စားဝတ်နေရေး အခက်အခဲများရှိနေ

  • Writer: Pajau Media
    Pajau Media
  • Mar 7, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၇ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ree

စစ်ကောင်စီ၏ ဒေသခံများ နေအိမ်မီးရှို့ဖျက်ဆီးမှုနှင့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာမှ စစ်ပြေးဒုက္ခသည်များသည် နေရာထိုင်ခင်းနှင့် အခြေခံစားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။


"ကျွန်တော်တို့ကတော့ ဒီကအသိဆရာ ဆရာမတွေကူညီပေးလို့ နေစရာနေရာတော့ရပြီ၊ ကျွန်တော်တို့နဲ့အတူ ထွက်လာတဲ့ တခြားအဖွဲ့တွေအကြောင်းတော့ မသိရသေးဘူး၊ စားဝတ်နေရေးအတွက်တော့ ထမင်းတစ်အိုးထဲ ပေါင်းချက်တာဆိုတော့ အလုပ်လုပ်နိုင်တဲ့သူတွေက နေ့စားဖြစ်ဖြစ် ထွက်လုပ်ပြီး ရလာတာလေးတွေနဲ့ စားသောက်ဖို့တော့ စီစဉ်ထားတယ်" ဟု တာမခန် မှ မြစ်ကြီးနားသို့ စစ်ရှောင်လာသူ ဓမ္မဆရာတစ်ဦး ပြောကြားချက်အရသိရသည်။


ယခုလို တိုက်ပွဲပြင်းထန်မှုနှင့် နေအိမ်များ မီးရှို့ဖျက်စီးခံရမှုများကြောင့် တာမခန်ကျေးရွာ ဒေသခံပြည်သူများမှာ နီးစပ်ရာ ကျွေးရွာများနှင့် ဖားကန့်| မြစ်ကြီးနားမြို့များသို့ နေအိမ်များစွန့်ပစ်ကာ စစ်ရှောင်လာရသော်လည်း အခြေခံ စားဝတ်နေရေးမှာ အခက်အခဲ ဖြစ်နေကြရခြင်း ဖြစ်သည်။



ree

ယင်းအချိန်မှ စပြီး ဒေသခံများမှာ နီးစပ်ရာ ကျေးရွာ၊ရပ်ကွက်နှင့် မြို့များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။


"ကျွန်တော်တို့က တာမခန်ကနေ ၃ရက်နေ့စထွက်လာတာ မြစ်ကြီးနားကို ၅ရက်နေ့ ညနေပိုင်းရောက်တယ်။ ၅ရက်နေ့မှ တာမခန်က ထွက်လာတဲ့သူတွေတော့ PDF တွေပါ ရောထွက်လာမှာဆိုးလို့ဆိုပြီး စစ်တပ်ကလမ်းပိတ်လိုက်ပြီကြားတယ်” ဟု တာမခန်ကျေးရွာမှ မြစ်ကြီးနားမြို့သို့ ထွက်ပြေးလာသူက ပြောသည်။


မြစ်ကြီးနားသို့ ထွက်ပြေးလာသူများ စာရင်းတွင် ကလေး၁၂ဦး၊ လူငယ်၈ဦး၊ အမျိုးသမီး၊ အမျိုးသား ၁၁ဦးနှင့် စုစုပေါင်း အယောက်၃၀လောက် ရှိကြောင်း သိရသည်။


ree

တာမခန် ကျွေးရွာတွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်ဖွဲ့များ စခန်းသိမ်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် မတ်လ ၃ ရက်နေ့မှ စတင်ကာ လူနေအိမ်များကို မီးရှို့ဖျက်စီးမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့သည့် ရပ်ကွက်ပေါင်း ၆ ခုထက်မနည်းရှိခဲ့သည်ဟု ဆိုသည်။


ထို့အပြင် တာမခန်ကျေးရွာမှ စစ်ရေးပြင်းထန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူ ဦး‌ရေစုစုပေါင်း ၄၀၀၀နီးပါးရှိနေကြောင်း RFA သတင်း ဖော်ပြချက်အရ သိရသည်။


သတင်း -ဒေဝ

Comments


Pajau Media

Thanks for subscribing!

bottom of page