top of page

တော်လှန်ရေးတပ်ဖွဲ့များ နေရာယူထားသည့် ဒေသဘက် စစ်တပ်မှ စစ်ကြောင်းပုံမှန် လှုပ်ရှားနေ

  • Writer: Pajau Media
    Pajau Media
  • Nov 27, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၇ရက်၊နိုဝင်ဘာ၊၂၀၂၅။


ကချင်ပြည်နယ် ဖားကန့်ဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များ နေရာယူထားသည့် နေရာများကို အဓိကထားကာ စစ်တပ်က စစ်ကြောင်းထိုးလှုပ်ရှားနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။


စစ်ကောင်စီက KIA ပူးပေါင်းတပ်များ နေရာယူထားသည့် ရှရော်ခ၊ ညောင်ပင်ကုန်းဂိတ်နှင့် မရော်ရွာ(Marau Mare) ​ဘက်ကို စစ်ကြောင်းထိုးလာပြီး ဒရုန်းလက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကုဋေမှော်နေရာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။


"အခုရဲ့ စစ်ကြောင်းက KIA တွေနေရာယူထားတဲ့ နေရာဘက် အဓီကထားပြီး စစ်ကြောင်းထိုးလာတယ်၊ ဒရုန်းတွေ လက်နတ်ကြီးတွေ​တော့ မရပ်မနားဘဲ" ဟု ဒေသခံတစ်ဦးက ပြောသည်။


ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ရက်နေ့တွင် စစ်ကောင်စီက ဖားကန့်ဒေသဘက် စစ်ကြောင်းတစ်ဖန် ပြန်လည်ထိုးတက်လာပြီးနောက် ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းနေရာများတွင် တပ်စွဲနေရာချထားကြောင်း သိရသည်။


ယင်းအချိန်မှစပြီး စစ်ကောင်စီက စစ်ကြောင်းထိုးပြန်လည်လှုပ်ရှားလာသောကြောင့် KIA ပူးပေါင်းတပ်ဖွဲ့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။


စစ်ကောင်စီတပ်များသည် ဖားကန့်ဒေသတွင် ရွှေးကောက်ပွဲ ပြုလုပ်ကျင်းပနိုင်ရန်အတွက် ၎င်းတို့လက်လွတ်ဆုံးရှုံးခဲ့သည့် နေရာများပြန်လည်ရယူနိုင်ရန် မြေပြင်စစ်ကြောင်းအပြင် လေ​ကြောင်း ပစ်ခတ်တိုက်ခိုက်မှုလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page