တက္ကသိုလ်တက်မည့် ကျောင်းသားများ ကြိုတင်မဲပေးနေရ
- Pajau Media

- Dec 2, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။

မြန်မာနိုင်ငံတွင်းရှိ မြို့နယ်တစ်ချို့တွင် တက္ကသိုလ်ကျောင်းတက်မည့်သူများ မည်သူမဆို ကြိုတင်မဲပေး လက်မှတ်မရှိလျှင် ကျောင်းတက်ခွင့်မရှိကြောင်း သိရသည်။
လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ပြုလုပ်မည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း ၁ တွင် မြို့နယ် ၁၀၂ မြို့နယ်တို့ ပါဝင်နေသည်။
တက္ကသိုလ်ကျောင်းတက်မည့် ကျောင်းသား၊ ကျောင်းသူများ စစ်အုပ်စုပြုလုပ်ကျင်းပမည့် ရွှေးကောက်ပွဲတွင် မဲမပေးလျှင် တက္ကသိုလ်တက်ခွင့်မရှိကြောင်းနှင့် မဲလက်မှတ်ရှိမှ ကျောင်းအပ်ရမည်ဟုဆိုသောကြောင့် မြို့နယ်တစ်ချို့မှ ကျောင်းသား၊ ကျောင်းသူများ မဲပေးနေပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်ကျောင်းသား ၂၈၀၀၀ ကျော် ကြိုတင်မဲပေးခဲ့ကြောင်း စစ်ကောင်စီ၏ရွှေးကောက်ပွဲ ကော်မရှင်က ပြိးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီပြုလုပ်ကျင်းပမည့် ရွှေးကောက်ပွဲကို အပိုင်း ၃ ပိုင်းဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
သတင်း-ဖရိန်း




Comments