top of page

တစ်ပတ်တာအတွင်း ကချင်ပြည်နယ်တွင် တိုက်ပွဲ(၂၄)ကြိမ်ဖြစ်ပွားခဲ့၊ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲ

  • Writer: Pajau Media
    Pajau Media
  • Nov 25, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊နိုဝင်ဘာ၊၂၀၂၅။


ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း တိုက်ပွဲ (၂၄)ကြိမ်ဖြစ်ပွားခဲ့ပြီး ဗန်းမော်၊ ဝိုင်းမော်နှင့် ဖားကန့်ဒေသတို့တွင် နေ့စဥ်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။


ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ရက်နေ့မှ ၂၃ ရက်နေ့အထိ ဗန်းမော်မြို့နေရာများတွင် လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများ ပစ်ခတ်မှုပေါင်း (၃၉၈) ကြိမ်ခန့်ရှိကြောင်း ကချင်သတင်းဌာနက တင်ပြထားသည်။


ထို့အပြင် စစ်တပ်က တပ်စွဲထားသည့် ဝိုင်းမော်မြို့နယ်-လမြန်ကျေးရွာတွင်လည်း စစ်တပ်က ဒရုန်းများဖြင့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။


စစ်ကောင်စီတပ်များသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားသည့် နယ်မြေများတွင် စစ်ကြောင်းထိုးတိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများထိ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။


ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိလည်း တစ်ပတ်တာအတွင်း ကချင်ပြယ်နယ်တွင် တိုက်ပွဲပေါင်း (၅၇)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page