top of page

တစ်ပတ်အတွင်း ကချင်ပြည်နယ်တွင် တိုက်ပွဲ ပေါင်း အကြိမ်(၅၀)ကျော်ဖြစ်ပွား

  • Writer: Pajau Media
    Pajau Media
  • Nov 17
  • 1 min read

ပါဂျောင်မီဒီယာ

၁၇ရက်၊ နိုင်ဝင်ဘာ၊ ၂၀၂၅။


ree

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားသည့်တိုက်ပွဲသည် တစ်နေ့တခြားပိုမို ပြင်းထန်နေတာဖြစ်ပြီး စစ်ကော်မရှင်တပ်ဖွဲ့များက ဝေဟင်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်းသိရသည်။


လွန်ခဲ့သည့်တစ်ပတ်တာအတွင်း ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် ဒေသများတွင် နေ့စဥ်တိုက်ပွဲဖြစ်ပွားရာ တိုက်ပွဲအကြိမ်ရေ ၅၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်တိုက်ပွဲ အခြေအနေကတော့ တစ်ပတ်နဲ့တစ်ပတ် ပိုမိုပြင်းထန်သည့် အခြေအနေ ဖြစ်နေကြောင်း သိရပါသည်။


  စစ်ကော်မရှင်တပ်ဖွဲ့များသည် လေယာဥ်၊ ဒရုံး၊ လက်နက်ကြီး ပစ်ခတ်မှုကို အဓိကထား အသုံးပြုတိုက်ခိုက်ခဲ့ရာ ဗန်းမော်စစ်မျက်နှာ မှာ ဒရုံးဗုံး ၁၃၇ ကြိမ်၊ လက်နက်ကြီး ၆၅၀ ကြိမ်၊ လေယာဥ် တိုက်ခိုက်မှု ၂၈၄ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ကေအိုင်အို သတင်းရုပ်သံမှ သိရသည်။


လေယာက်ဗုံးကြဲတိုက်ခိုက်မှုကို တိုက်ပွဲ ဖြစ်ပွားသည့် နေရာသာမက ကေအိုင်အေ တပ်မဟာ (၇)၊ (၄)၊ (၁)ဘက်မှာ လည်း လေယာဥ်ဗုံးကြဲမှုများ ပြုလုပ်နေကြောင်းလည်းသိရသည်။ ကချင်ပြည်နယ်အတွင်း လက်ရှိ တိုက်ပွဲ အပြင်းထန်ဆုံးမှာ ဗန်းမော်စစ်မျက်နှာ ဖြစ်ပြီး တစ်ပတ်တာအတွင်း တိုက်ပွဲအကြိမ်ရေ ၄၇ ကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။


လက်ရှိ စစ်ကော်မရှင်တပ် ဦးဆောင်ပြုလုပ် ကျင်းပမည့် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲ ပြုလုပ်ဖို့ မဲဆွယ်ကာလဖြစ်သည့်အပြင် စစ်ကော်မရှင်က ရွေးကောက်ပွဲ ပြုလုပ်မည့် နယ်မြေချဲ့ထွင်ရေးအတွက် မြေပြင်တိုက်ပွဲအပြင် ဝေဟင်တိုက်ပွဲ အပြင်းအထန်ဆင်နွှဲနေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ‌ကျေးရွာများတွင်လည်း လေယာဥ် တိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်သည့်အတွက် အပြစ်မဲ့ပြည်သူလူထု နေ့စဥ် ထိခိုက်သေဆုံး တာတွေ ရှိနေပါတယ်။


သတင်း - ပီးလာမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page