top of page

တနိုင်းဒေသတွင်း စစ်ရေးလှုပ်ရှားမှု ဆက်တိုက်လုပ်ဆောင်နေ

  • Writer: Pajau Media
    Pajau Media
  • Jan 6
  • 1 min read

ပါဂျောင်မီဒီယာ

၆ရက်၊ဇန္နဝါရီ၊၂၀၂၆။


ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက ဟူးကောင်း-တနိုင်းဒေသဘက် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားလာသလို လက်ရှိချိန်ထိ စစ်အင်အားဖြည့်တင်း နေထိုင်နေဆဲ ဖြစ်ကြောင်း သိရသည်။


စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များမှာ လေယာဉ်ဗုံး၊ လက်နက်ကြီးများနှင့် ဆက်တိုက်ဆိုသလို ထိုးစစ်ဆင်နေသောကြောင့် KIAအမှတ်(၁၄)တပ်ရင်းဒေသသို့ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ပြီး၊ KIAမှလည်း ယာယီရှောင်တိမ်းထားခဲ့ရသေးသည်။


ထို့အပြင် တနိုင်း-နမ့်ဗျူဘက်ကိုလည်း ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်သလို ယင်းဒေသမှာ ရွှေမှော်-ပယင်းမှော်ဒေသဖြစ်ပြီး စီးပွားရေးလုပ်ကိုင်ရန် အလွန်သင့်တော်သော ဒေသဖြစ်သောကြောင့် ယခုကဲ့သို့ ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုကြသည်။


လက်ရှိတွင် စစ်ကောင်စီက တနိုင်း-ဝေလှော်ရွှေမှော်ဒေသဘက်ကိုလည်း နေရာဝင်ယူထားပြီး၊ ရွှေမှော်တွင်း ပြည်သူများချန်ထားခဲ့သည့် ပစ္စည်းများကို လုယူသုံးစွဲနေကြကြောင်းနှင့် ဝေလှော်ရွှေမှော်တွင်း စစ်တပ်နေရာယူထားသောကြောင့် လုပ်ငန်းရပ်တန့်နေကြောင်း သိရသည်။


လက်ရှိ စစ်အင်အားဖြည့်တင်းနေသည့် နမ့်ဗျူဘက်ကိုလည်း လက်နက်ကြီးများ၊ ဒရုန်းဗုံးများ ဆက်တိုက်ပစ်ခတ် တိုက်ခိုက်မှုများ ရှိနေပြီး၊ စစ်ရေးမှာ အပြန်အလှန်တင်းမာနေဆဲ ဖြစ်သည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page