top of page

တနိုင်းမြို့နယ်အတွင်းမှ ရွှေမှော်များတွင် နေ့စားခအတွက် မူးယစ်ဆေးဝါး ပေးချေလာ

  • Writer: Pajau Media
    Pajau Media
  • Aug 22, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၂ရက်၊ ဩဂုတ်၊ ၂၀၂၅။



ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် အတွင်းမှ ရွှေမှော်များတွင် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ တာ၀န်ရှိသူများ အရေးယူဆောင်ရွက်ခြင်းမရှိသောကြောင့် ရွှေမှော်ကျင်းသားများမှာယခင်ကထက် မူးယစ်ဆေးဝါးသုံးစွဲသူ တိုးမြှင့်လာကြောင်း တနိုင်းမြို့ခံများက ပြောသည်။


ရွှေမှော်များတွင် မူးယစ်ဆေးဝါးများဖြစ်သည့် ရာမ၊ ဘိန်းဖြူ၊ ဘိန်းမဲ စသည်တို့ကို ရွှေမှော်ကျင်းသား အများစုက သုံးစွဲလာကြပြီး မူးယစ်ဆေးဝါး ကျေးကျွန်များအဖြစ်သို့ ရောက်ရှိနေကြောင်း ကျင်းသားတစ်ဦးက အခုလို ပြောသည်။


''လောပန်းတွေက လုပ်​အားလခအတွက် ပိုက်ဆံမပေးတော့ဘူး။ အဲ့အစား ဖိုးတို့၊ ရာမတို့ကို ပေးတာရှိတယ်။ အလုပ်များများလုပ်နိုင်ဖို့ ရာမ မူးယစ်ဆေးဝါးကို တရားဝင်ပုံစံ တိုက်နေတာ။ ဘယ်သူမှ မဖမ်းဘူး။ လုပ်ငန်းရှင်တွေဆီမှာ ကြိုက်တဲ့ မူးယစ်ဆေးဝါး အကုန်ရှိတယ်။" ဟု ပြောသည်။


ကျင်းသားများပြောဆိုချက်အရ လုပ်ငန်းရှင်များမှာ နေ့စားခအတွက် မူးယစ်ဆေး၀ါးများကို အစားထိုးပေးချေလာခြင်း၊ လုပ်ငန်းအောင်မြင်ရန် ဆေးသုံးခိုင်းလာခြင်းနှင့် တာ၀န်ယူဖမ်းဆီးကာ အရေးယူပေးခြင်း မရှိသောကြောင့် မူးယစ်ဆေး၀ါးသုံးစွဲမှုမှာ ဆိုးဆိုးရွားရွား ဖြစ်လာသည်ဟု ဆိုသည်။


 "မှော်တွေမှာက မူးယစ်ဆေးဝါးကို လွတ်လွတ်လပ်လပ် သုံးလို့ရတယ်။ လွယ်လွယ်ကူကူ ရှာလို့ရတယ်။ ရတဲ့ ပိုက်ဆံက မူးယစ်ဆေးဝါးနဲ့ ပြန်ကုန်တာတွေ များတယ်။ တချို့ နယ်ဝေးက ကျင်းသား(လုပ်သား)လာလုပ်သူတွေဆို မှော်ထဲမှာ မူးယစ်ဆေးဝါးကြောင့် အသက်ပေးလိုက်ရတာတွေ ရှိတယ် ။" ဟု ဒေသခံတစ်ဦးမှလည်း ထပ်မံပြောသည်။


တနိုင်းဒေသဘက်တွင် KIAအပြင် PDF/SNAနှင့် စစ်ကောင်စီတပ်ဖွဲ့များ စိုးမိုးထားသော ဒေသတစ်ခုလည်းဖြစ်ကြောင်း သိရသည်။


သတင်း - ထိန်နိုင်


Comments


Pajau Media

Thanks for subscribing!

bottom of page