top of page

တနိုင်း-ရွှေမှော်ဘက် ဒရုန်းဗုံးပစ်ခတ်မှုကြောင့် ပြည်သူထိခိုက်သေဆုံးမှုရှိ

  • Writer: Pajau Media
    Pajau Media
  • Dec 20, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊ဒီဇင်ဘာ၊၂၀၂၅။


စစ်ကောင်စီက KIAအမှတ်(၂) တပ်မဟာဒေသတွင် စစ်မျက်နာဖွင့် စစ်ကြောင်းထိုးတိုက်ခိိုက်လာပြီး၊ လက်နက်ကြီးနှင့် လေယောဥ်၊ ဒရုန်းဗုံးများ ပစ်ခတ်သောကြောင့် ပြည်သူထိခိုက် သေဆုံးသူများရှိနေကြောင်း သိရသည်။


" မနေ့ကလဲ ဒရုန်းဗုံးလာပစ်သွားတယ်။ လတလော တနိိင်း-ရွှေမှော်ဘက် လက်နက်ကြီးတွေ ရမ်းသမ်းပစခတ်လို့ ထိခိုက်တာတွေ များလာတယ်၊ သေဆုံးသူလဲရှိတယ်။" ဟု ဒေသခံတစ်ဦးက ပြောသည်။


ဒီဇင်ဘာ၁၈ရက်နေ့တွင်လည်း တနိုင်း_ရွှေမှော်ဘက် လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူရှိခဲ့သည်။ တနိုင်းဘက် ပြီးခဲ့သည့် ဒီဇင်ဘာ၁၂ရက်နေ့မှ စတင်ဘာ တိုက်ပွဲဖြစ်ပွားလာခြင်းသည်။


တနိုင်း-ရွှေမှော် ဟွေလော၊ ရခိုင်ကုန်း၊ လီဆူကုန်းဒေသများတွင် လက်နက်ကြီး၊ ဒရုန်းဗုံးများဖြင့် နေ့စဥ် တိိုက်ခိိုက်နေဆဲဖြစ်သည်။


စစ်တပ်၏ ရမ်းသမ်းပစ်ခတ်ခြင်းမှာ ရွှေမှော်အနီး KIAတပ်ဖွဲ့များ လှုပ်ရှားသည်ဟု ယူဆသောကြောင့် ဖြစ်နိုင်သည်ဟု ဆိုသည်။


ထို့အပြင် ဈေးဆိုင်ဖွင့်လှစ်နေထိုင်သူများ ပြောင်းရွှေ့သွားကြပြီး၊ ကုန်ဈေးနှုန်းများလည်း မြင့်တက်လာသည့်အပြင် ဆန်တစ်အိတ်လျှင် တစ်သိန်းခွဲမှ ၅သိန်းနီးပါးထိ မြင့်တက်သွားသည်ဟုဆိုသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page