top of page

တနိုင်းသွားလမ်းပိုင်းတွင် မှတ်ပုံတင်နှင့် စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာ

  • Writer: Pajau Media
    Pajau Media
  • Sep 17, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၇ရက်၊ စက်တင်ဘာ၊ ၂၀၂၅။



စစ်ကောင်စီက ကချင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ ပိုမိုလှုပ်ရှားသလို တစ်ဖက်မှာလည်း ခရီးသွားပြည်သူများကို မှတ်ပုံတင် စစ်ဆေးဖမ်းဆီးမှုများ ယခင်ထက် ပိုမိုလုပ်ဆောင်လာကြောင်း ကားသမားများက ပြောသည်။


ယခုရက်ပိုင်းအတွင်း မြစ်ကြီးနား-တနိုင်းသွားလမ်းပိုင်းတွင်လည်း ခရီးသွားပြည်သူများအား မှတ်ပုံတင်နှင့် စစ်ဆေးမှုများ ယခင်ထက်ပိုမိုလုပ်ဆောင်နေပြီး၊ ကားတင်လာသည့် ကုန်ပစ္စည်းများကို ဓားဖြင့်ထိုးစိုက် စစ်ဆေးခြင်းမျိုးထိ လုပ်နေကြောင်း သိရသည်။


မြစ်ကြီးနား-တနိုင်းသွားလမ်းပိုင်းတွင် စက်တင်ဘာလဆန်းကတည်းက မှတ်ပုံတင်စစ်ဆေးခြင်းကို ယခင်ထက် ပြင်းပြင်းထန်ထန် စစ်ဆေးလာခြင်းဖြစ်ပြီး၊ ခရီးသွားများအား မှတ်ပုံတင်စစ်ဆေးခြင်းက CDMဝန်ထမ်းများကို စစ်ဆေးပြီး ဖမ်းဆီးနိုင်ရန်အတွက် ဖြစ်နိုင်သည်ဟုလည်း ကားသမားများက သုံးသပ်ကြသည်။


တနိုင်းသွားလမ်း (၂၁)မိုင်ဂိတ်တွင် ဖုန်းစစ်ဆေးခြင်းနှင့် မှတ်ပုံတင်ကို ခေတ်မှီစက်ပစ္စည်းဖြင့် အသေးစိတ်စစ်ဆေးခြင်းကြောင့် CDMဝန်ထမ်းများ မှတ်ပုံတင်စစ်ဆေး ဖမ်းဆီးခံရသူများ ရှိနေကြောင်း သိရသည်။

အလားတူ မြစ်ကြီးနား-ဝိုင်းမော်ဆက်သွယ်ထားသည့် ဗလမင်းထင်တံတားတွင်လည်း ရဲ၊ စစ်သားများနှင့် ယာဉ်ထိန်းများက အင်အားဖြည့်တင်းကာ မော်တော်၊ဆိုင်ကယ် လမ်းသွားလမ်းလာ ပြည်သူများကို ပိုမိုစစ်ဆေးကြမ်းလာကြောင်း သိရသည်။


ထို့အပြင် လက်တလော မြစ်ကြီးနားမြို့တွင်း လမ်းခွ၊ လမ်းဆုံနေရာများလည်း လက်နက်ပစ္စည်းအပြည့်အစုံဖြင့် စစ်သားများက ရှောင်သခင် တားဆီးစစ်ဆေးခြင်းများ လုပ်ဆောင်လာသောကြောင့် ဒေသခံများ သွားလာရေးအတွက် အလွန်စိုးရိမ်ကြရသည်ဟု ဆိုသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page