top of page

တန်ဖရဲစစ်တပ်ဂိတ်မှ အသက်ကန့်သတ် ပိတ်ပင်သောကြောင့် ဒေသခံပြည်သူများ အဖက်ဖက်မှ ခက်ခဲ

  • Writer: Pajau Media
    Pajau Media
  • Aug 21, 2025
  • 1 min read

ပါဂျောင်မီီဒယာ

၂၁ရက်၊ ဩဂုတ်၊ ၂၀၂၅။



မြစ်ကြီးနားမြို့နှင့် ၂၈မိုင်အကွာတွင် တည်ရှိသည့် တန်ဖရဲဒေသတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်တပ်ဂိတ်မှ လမ်းသွားလမ်းလာ ခရီးသည်များကို အသက်ကန့်သတ် သတ်မှတ်လိုက်သောကြောင့် တန်ဖရဲအထက်ပိုင်း သွားလာလုပ်ကိုင်ကြသည့် ဒေသခံများ အဖက်ဖက်မှ ခက်ခဲနေကြောင်း သိရသည်။


စစ်ကောင်စီအထိုင်ချထားသည့် တန်ဖရဲဂိတ်တွင် အသက်၁၈နှစ်အထက်နှင့် ၄၅နှစ်အောက် ခရီးသွားများကို သွားလာရေး ကန့်သတ်ပိတ်ပင်ထားခြင်း ဖြစ်သည်။


ဒေသခံပြည်သူများမှာ စစ်ရေးပြင်းထန်နေချိန် ဝမ်းစာအတွက် လက်ယက်ရွှေကျင်ခြင်း၊ တောင်ယာ၊လယ်ယာ လုပ်ကိုင်ခြင်း၊ စိုက်ခင်းလုပ်ကိုင်ခြင်းများ လုပ်ကိုင်ရှာဖွေစားကြသည်ဟု ဆိုသည်။


ယခုကဲ့သို့ စစ်တပ်ဂိတ်မှ လမ်းသွားလမ်းလာအတွက် စစ်ဆေးတင်းကြပ်သည့်အပြင် အသက်အကန့်အသတ် သတ်မှတ်ပိတ်ပင်လိုက်ခြင်းကြောင့် တန်ဖရဲအထက်ပိုင်း သွားရောက်လုပ်ကိုင် ရှာဖွေစားသောက်ကြသည့် ဒေသခံပြည်သူများအတွက် အဖက်ဖက်မှ ခက်ခဲနေခြင်း ဖြစ်သည်။


ကချင်ပြည်နယ်အတွင်း ဖားကန့်၊ ဗန်းမော်ဒေသတို့တွင် စစ်ကောင်စီ၏ ထိုးစစ်ဆင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး၊ တန်ဖရဲဒေသဝန်းကျင်မှာ ယခုရက်ပိုင်းအတွင်း စစ်ရေးငြိမ်သက်နေသည့် အခြေအနေဖြစ်သော်လည်း သွားလာရေးကန့်သတ် စစ်ဆေးတင်းကြပ်ထားသည်ဟု ဆိုသည်။


တန်ဖရဲဒေသအတွင်း စစ်ကောင်စီအထိုင်ချထားသည့် စစ်တပ်ဂိတ် သုံးခုလောက်ရှိနေပြီး၊ လမ်းသွားလမ်းလာ ပြည်သူများကို ကိုယ်ထိစေ့စပ်ရှာဖွေခြင်း၊ ဖုန်းစစ်ဆေးခြင်းများ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေကြောင်း၊ ယခုကဲ့သို့ စစ်ကောင်စီဂိတ်မှ လမ်းသွားလမ်းလာ ပြည်သူများကို အသက်ကန့်သတ် ပိတ်ပင်တားမြစ်ထားတာ တစ်လကျော် ကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page