top of page

တစ်ပတ်အတွင်း ကချင်ပြည်နယ်တွင် တိုက်ပွဲ(၁၅)ကြိမ် ဖြစ်ပွားခဲ့

  • Writer: Pajau Media
    Pajau Media
  • Aug 26, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၆ရက်၊ ဩဂုတ်၊ ၂၀၂၅။



ပြီးခဲ့သည့်အပတ်အတွင်း ကချင်ပြည်နယ်တွင် ထိတွေ့တိုက်ပွဲ (၁၅)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲများမှာ ဗန်းမော်၊ ဝိုင်းမော်နှင့် ဖားကန့်ဒေသများတွင် ဖြစ်ပွားခဲ့ကြောင်း KIOသတင်းဌာနက ဖော်ပြထားသည်။


တိုက်ပွဲအတွင်း လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများ စုံလင် အသုံးပြုကာ စစ်ကောင်စီက တိုက်ခိုက်ခဲ့ရာ၊ နှစ်ဖက်စစ်တပ် အကျအဆုံး များစွာရှိခဲ့ကြောင်း သိရသည်။


အထူးသဖြင့် ဗန်းမော်ဒေသတွင် တစ်ပတ်အတွင်း လေယာဉ်ဗုံး (၂၀)ကြိမ်၊ ဒရုန်းဗုံး(၁၇)ကြိမ်၊ လက်နက်ကြီးဖြင့် (၄၂၈)ကြိမ်အထက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဝိုင်းမော်-လမြန်၊ ခါးရှီ၊ အင်းလေး စသည်ဒေသဘက်ကိုလည်း မြေပြင်စစ်ကြောင်းအပြင် ဒရုန်းဗုံးများဖြင့် နေ့စဉ်လာရောက်ပစ်ချခဲ့ကြောင်း ဒေသခံများက ပြောသည်။


ဝိုင်းမော်ဒေသခံတစ်ဦးမှလည်း “လမြန်အဲဒီဘက်က နေ့တိုင်းကို ပစ်ခတ်နေတာ။ လူသွားလူလာတော့ အမြဲတမ်းရှိတယ်။ ကျနော်တို့ ဖြတ်သွားတုန်းကဆိုလဲ သေနတ်ပစ်သံတွေ ကြားနေရတာ။” ဟု ပြောသည်။

တိုက်ပွဲမရှိသော်လည်း စစ်တပ်က ဒရုန်းဗုံး လာရောက်ပစ်ခတ်ခြင်းများ ရှိနေပြီး၊ ဒါ့ဂျန်ဘက်ကိုလည်း စစ်ရေးတင်းမာနေသလို ဖားကန့်ဒေသမှာ ဩဂုတ်၂၀ရက်နေ့နောက်ပိုင်းကတည်းက စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်လာကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page