top of page

တပ်ရင်း၆ ကံဆီးဒေသဘက် ယနေ့ ဗုံးအကြိမ်များစွာ ပစ်ကျဲတိုက်ခိုက်

  • Writer: Pajau Media
    Pajau Media
  • Oct 21, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


KIA အမှတ် ၉ တပ်မဟာ၊ တပ်ရင်း ၆ နယ်မြေ ဖားကန့်ဒေသကို စစ်ကောင်စီက ယနေ့အောက်တိုဘာ ၂၁ရက် နံနက် ၇နာရီခွဲချိန်ကတည်းက လေယာဉ်ဗုံးအလုံး(၄၀)ထက်မနည်း လာရောက်ပစ်ကျဲသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


တပ်ရင်း ၆ နယ်မြေ ကံဆီးဒေသဘက်ကို Y-12လေယာဉ်ဗုံးဖြင့် လာရောက်လှည့်ပတ် ကျဲချသွားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါဗုံးအလုံးများမှာ လူမရှိသည့် တောထဲကျသောကြောင့် လက်ရှိအချိန်ထိ လူထိခိုက်မှုမရှိသေးကြောင်း သိရသည်။ ထို့အပြင် ဗုံးအလုံး(၄၀)နီးပါး ပစ်ချခံရသောကြောင့် စီစစ်နေဆဲဖြစ်သလို သတင်းအတိအကျမှာ မသိရသေးပါဘူး။


စစ်ကောင်စီက ဖားကန့်ဒေသကို လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်ခြင်းများ မကြာခဏ ပြုလုပ်နေပြီး အရပ်သား ပြည်သူသေဆုံးထိခိုက်မှုလည်း ရှိနေသည်။


အလားတူ ယူမာကျေးရွာနှင့် မရှိကထောင်ကျေးရွာအနီးတွင်လည်း ယမန်နေ့က စစ်ကောင်စီ၊ ရှမ်းနီပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များက စစ်ကြောင်းထိုးလာသောကြောင့် KIAနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


တိုက်ပွဲအတွင်း စစ်ကောင်စီက တပ်မကုန်းမှ လက်နက်ကြီးဖြင့် ပစ်ကူခဲ့ပြီး၊ ယူမာကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုရှိကာ ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်ဟု ဆိုသည်။


ကချင်ပြည်နယ်မှ ဗန်းမော်နှင့် ဝိုင်းမော် စစ်မျက်နာများတွင်လည်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေဆဲဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page