top of page

တရုတ်ကုန်ကား အများအပြားဝင်ရောက် သည့်အတွက် ဗလမင်းထင်တံတားတွင် ဖြတ်သန်းသွားလာရန် ခက်ခဲနေ

  • Writer: Pajau Media
    Pajau Media
  • Nov 21
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။


ree

တရုတ်ကုန်ပစ္စည်းသယ်ဆောင်သည့် ဆယ့်နှစ်ဘီးကား အများအပြားဝင်ရောက်သည့်အတွက် မြစ်ကြီးနား၊ ဝိုင်းမော် ဆက်သွယ်ထားသည့် ဗလမင်းထင်တံတားမှာ ကုန်းကားပိတ်ဆို့မှုကြောင့် ပြည်သူများ သွားလာရခက်ခဲနေကြောင်း သိရသည်။


“ ညနေပိုင်း ၅ နာရီဆို တရုတ်ကုန်ကားတွေမြစ်ကြီးနားဘက်ကူးဖို့ ဆက်တိုက်ဝင်လာပြီ၊ တံတားမှာက စစ်သားတွေ၊ ရဲတွေ က ပိုက်ဆံကောက်၊ အဲ့ချိန်ဆို အလုပ်ရှုပ်နေကြပြီ ကုန်ကားတွေနဲ့ လမ်းကပိတ် ညတိုင်းပဲ၊ တစ်ခါတစ်လေ ပြည်သူတွေကဘဲ ကုန်ကားတွေကို လမ်းဖယ်ပေးရတယ်၊ ကွင်းလမ်းကနေပတ်ပြီး ပြန်ရတယ်၊ ကြိုဆိုပါ၏ ဆိုင်းဘုတ်ကနေ တံတားနားထိ ကုန်ကားတွေ တန်းစီနေတာပဲ၊ ညနေ အိမ်ပြန်ချိန်ဆို တံတားဖြတ်သန်းဖို့ မနည်းသွားရတယ် ” ဟုဒေသခံတစ်ဦး က ပြောသည်။


ဗလမင်းထင်တံတားမှာ စစ်တပ်နဲ့ ရဲတွေ က ဖြတ်းသန်းသွားလာသည့် ပြည်သူတွေ ကို အမြဲဆိုသလို တားဆီး စစ်ဆေးနေတာကြောင့် ပြည်သူတွေက အမြဲသတိနဲ့ သွားလာနေရသည့်အပြင် တရုတ်ကုန် ကား အကန့်အသတ်မရှိဝင်ရောက်မှု ကြောင့် လမ်းပိတ်ဆို့ကာ ကွင်းလမ်းက နေ သွားလာရသည့် အခြေအနေဖြစ်နေသောကြောင့် ကုန်ကားတွေကို အကန့်အသတ်နဲ့ ဝင်ခိုင်းစေလိုကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။


 “ညနေအိမ်ပြန်ချိန်ဆို စိတ်ညစ်တယ်၊ ဗလမင်းထင်တံတားက ၇ နာရီဆို ပိတ်ပြီ၊ မပိတ်ခင် အမှီလည်းသွားရတယ်၊ တစ်ခါတစ်လေ နည်းနည်းနှောက်ကျပြီဆိုရင် တားဆီးစစ်ဆေးပြီ၊ အဲမှာ ကုန်ကား တွေ ကလည်း ပြန်ပိတ်နေတော့ ခက်တယ်၊ အကန့်အသတ်နဲ့ ဝင်ခိုင်းရင် ကောင်း မယ်” ဟု မိုင်းနားဒေသခံတစ်ဦးကဆိုသည်။


ဒေသခံများပြောဆိုချက်အရ မြစ်ကြီးနား မြို့အတွင်း ကုန်ကားကြီး ဝင်ရောက်မှုများကို ကန့်သတ်ထားသော်လည်း ကားသမားများသည် စစ်တပ်ကို ပိုက်ဆံပေးကာအကန့်အသတ်မရှိ ဝင်‌ရောက်သည့်အတွက် ပြည်သူများ လမ်းသွားလမ်းလာ ပိတ်ဆို့ခက်ခဲနေတာဖြစ်ကြောင်းလည်းသိရသည်။


 ကန်ပိုင်တီ၊ လိုင်ဇာ၊ လွယ်ကျယ်၊ မန်ဝင်းကြီးနှင့် တရုတ်-ကချင်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို လွန်ခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့က စပြီး ဖွင့်ပေးခဲ့ပေမယ့် တရုတ်ဘက်ကတော့ ကုန်ပစ္စည်းတွေကို အကန့်အသတ်ဖြင့်သာ တင်သွင်းနေတာဖြစ်ကြောင်း၊ ငှက်ပျော ကား၊ အထည်အလိပ်နဲ့ဆောက်လုပ်ရေးပစ္စည်းတွေကို တင်သွင်းခွင့်ပေးထားတာဖြစ်ကြောင်းလည်းသိရသည်။


 သတင်း- ပီးလာမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page