top of page

တရုတ်-ကချင် နယ်စပ်ဂိတ်တွေ ပြန်ဖွင့်

  • Writer: Pajau Media
    Pajau Media
  • Oct 27
  • 1 min read

ပါဂျောင်မီဒီယာ

၂၇ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


ree

ပိတ်ထားတာကြာပြီဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်က လိုင်ဇာ၊ မိုင်ဂျာယာန်နဲ့ လွယ်ဂျယ် ဂိတ်တွေကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။


တရုတ်အစိုးရနဲ့ KIO အစိုးရတွေ ဆွေးနွေးမှုလုပ်ဆောင်ပြီးနောက် အောက်တိုဘာ ၂၅ ရက်နေ့လောက်ကနေ ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ ဘယ်လိုသဘောတူညီချက်တွေကြောင့် နယ်စပ်ဂိတ်ဖွင့်တာကိုတော့ မသိရသေးပါ။


“ဂိတ်တွေပြန်ဖွင့်တာက လိုင်ဇာဂိတ်၊ မိုင်ဂျာယာန်ဂိတ်နဲ့ လွယ်ဂျယ်ဂိတ်တွေ၊ လူတော့ဖြတ်သန်းလို့မရသေးဘူး၊ အစားအသောက်ကုန်နဲ့ လူသုံးကုန်တွေပဲ ဖြတ်ခိုင်းသေးတယ်၊ သူတို့ ဘက်က ကုန်ပစ္စည်းတွေသွင်းမယ်၊ ဒီဘက်က တရုတ်ငှက်ပျောတွေ တင်မယ်ပေါ့၊ ဘာတွေဘယ်လို ညှိတာလဲတော့ မသိဘူး။” ဟု ဒေသခံတစ်ဦးက ပြောပြပါတယ်။


ဂိတ်တွေဖွင့်ခဲ့ပေမဲ့ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကိုသာ ခွင့်ပြုထားပြီး စက်နဲ့အီလက်ထရောနစ် ပစ္စည်းတွေကိုတော့ ဖြတ်သန်းခွင့်မပြုဘူးလို့ သိရပါတယ်။


ကုန်ပစ္စည်းတချို့ ဖြတ်သန်းခွင့်ပြုထားတာကြောင့် ပြည်သူတွေက ကုန်ဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာမှာကို လိုလားနေကြပါတယ်။


ကချင်နဲ့ တရုတ်နယ်စပ်ထဲက နယ်စပ်ဂိတ်တွေကို ၂၀၂၄ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာက ပန်ဝါ၊ ချီဖွေ၊ ကန်ပိုင်တည် ဒေသတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ချိန် ပိတ်ထားခဲ့တာပဲ ဖြစ်ပါတယ်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page