top of page

တရားမဝင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဖားကန့်ပြည်သူများ ကျင်းပ

  • Writer: Pajau Media
    Pajau Media
  • Sep 9, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၉ရက်၊ စက်တင်ဘာ၊ ၂၀၂၅။



ဖားကန့်ဒေသခံများက စစ်ကော်မရှင် ကျင်းပပြုလုပ်ပမည့် တရားမဝင် ရွေးကောက်ပွဲကို ယနေ့ စက်တင်ဘာ ၉ရက်နေ့တွင် ဆန့်ကျင်ကန့်ကွက်ကြောင်း ကျင်းပပြုလုပ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။


“တရားမဝင် အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်၊ စစ်အာဏာရှင်လုပ်တဲ့ ဒီမိုကရေစီ အပြောင်းအလဲဆိုတာ ဖာခေါင်းကလုပ်တဲ့ ပြည့်တန်ဆာ ပပျောက်ရေးလိုပဲ ဖြစ်လိမ့်မယ်၊ ဘုံရန်သူ အာဏာရှင်တွေကို အမြစ်ဖြတ် တပ်ပေါင်းစုဖြင့် တိုက်ကြစို့၊ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး စစ်အာဏာရှင်ဘက် ရပ်တည်နေတဲ့ တရုတ်အစိုးရ အလိုမရှိ၊ စစ်အာဏာရှင် အမြစ်ဖြတ်ဖို့ ပြည်သူအားလုံး အဆုံးထိ ပူးပေါင်းပါဝင်ကြစို့။” စသည့် စာတန်းများ ကိုင်ဆောင်ကာ ဆန္ဒပြလှုပ်ရှားခဲ့ကြောင်း သိရသည်။


ဆန့်ကျင်ဆန္ဒပြပွဲကို ဖားကန့်၊ ဂွေခါ၊ လုံးခင်းနှင့် ဆိုင်းတောင် ဒေသများတွင် ကျင်းပခဲ့သည်ဟု ဆိုသည်။


စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး ‌ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုးပမ်းနေသလို ကချင်ပြည်နယ်အတွင်းရှိ အချို့ဒေသများတွင်လည်း ကျင်းပနိုင်ရန် အစွမ်းကုန်ကြိုးပမ်းနေခြင်းဖြစ်သည်။


လက်ရှိ ကချင်ပြည်နယ်အတွင်း ဖားကန့်၊ ဗန်းမော်နှင့် ဝိုင်းမော်ဒေသတို့တွင် စစ်ရေးပြင်းထန်နေပြီး၊ ယင်းနေရာများတွင်လည်း ရွေးကောက်ပွဲကျင်းပနိုင်ရန် လက်တလော စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေခဲ့ကြောင်း သိရသည်၊


စစ်ကော်မရှင် ကျင်းပပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲတွင်လည်း ပြည်သူများအနေဖြင့် ဆန့်ကျင်ကန့်ကွက်ကာ အားလုံးပူးပေါင်း ပါဝင်ခြင်းမပြုရန် ဖားကန့်ဒေသခံများက နှိုးဆော်ထားသည်။


ဖားကန့်ပြည်သူများမှာ အဆိုပါရွေးကောက်ပွဲအား လုံးဝကန့်ကွက်ကြောင်း ပြောဆိုထားပြီး၊ လက်တလော ဖားကန့်ဒေသတွင် စစ်ရေးအရှိန် မြင့်တက်နေဆဲဖြစ်သည့်အပြင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများလည်း ခပ်စိပ်စိပ် ဖြစ်ပွားနေဆဲဖြစ်သည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page