ထိုင်းရောက်မြန်မာများ ထိုင်းနိုင်ငံ စည်းကမ်းများကို လိုက်နာရန် NUG မှ အသိပေးပန်ကြားချက် ထုတ်ပြန်
- Pajau Media

- Jan 14
- 1 min read
ပါဂျောင်မီဒီယာ
၁၄ရက်၊ဇန္နဝါရီ၊၂၀၂၆။

မြန်မာနိုင်ငံတွင်း အကြမ်းဖက် စစ်အုပ်စု၏ ဖိနှိပ်မှုကြောင့်ဖြစ်ဖြစ်၊ စီးပွားရေး အလုပ်အကိုင် ရှားပါးလာမှုကြောင့်ဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် မိမိနိုင်ငံကို စွန့်ခွာကာ ထိုင်းနိုင်ငံတွင် ခတ္တ ခိုလှုံနေထိုင်သူများအနေဖြင့် ထိုင်းနိုင်ငံ၏ စည်းမျဥ်း၊စည်းကမ်းများwကို လိုက်နာရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်မှုရေးရာ ကိစ္စရပ်များတွင် ပါဝင် ပတ်သက်ခြင်း မပြုကြရန်၊ တရားဥပဒေနှင့်မညီသည့် မည်သည့်ကိစ္စရပ်များတွင်မျှ ပါဝင်ပတ်သက်ခြင်း မပြုကြရန်၊ ထိုင်းနိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းများ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ ဒေသန္တရစည်းကမ်းများကို လေးစားလိုက်နာရန်၊ အိမ်ရှင်လူမှုအသိုင်းအဝိုင်း၏ တန်ဖိုးထားမှု၊ လူနေမှုပုံစံများနှင့်အညီ သဟဇာတဖြစ်စွာ လိုက်လျောညီထွေနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ဇန္နဝါရီ ၁၄ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသားများ ပါဝင်သည့် ခိုက်ရန်ဖြစ်မှု ၃ ခုထက်မနည်း ဆက်တိုက်ရှိနေချိန် အမျိုးသားညီညွတ်ရေးအစိုးရက ယခုကဲ့သို့ အိမ်ရှင်ထိုင်းနိုင်ငံသားများနှင့် လိုက်လျောညီထွေစွာ နေထိုင်ကြရန် အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။
ဇန္နဝါရီလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဖန်ထောင်မြို့တွင် မြန်မာနိုင်ငံသား အုပ်စုနှစ်စုသည် လက်နက်ကိုယ်စီဖြင့် အချင်းချင်း ရန်ဖြစ်ရိုက်နှက်ခဲ့ကြပြီး၊ အဆိုပါ အုပ်စုဖွဲ့ ရန်ဖြစ်မှုကြောင့် အမျိုးသားတစ်ဦး ဓားဒဏ်ရာရရှိကာ ဆေးရုံတင်ခဲ့ရကြောင်းသိရသည်။
သတင်း - ဇော်




Comments