top of page

ဒီဇင်ဘာလတွင်း ပြည်သူပေါင်း (၁၁၅)ဦး သေဆုံးကြောင်း AAPP ထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Jan 6
  • 1 min read

ပါဂျောင်မီဒီယာ

၆ရက်၊ ဇန္နဝါရီ၊ ၂၀၂၆။


၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ တစ်လတာအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်တပ်ကြောင့် ဒီမိုကရေစီ‌အရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၁၁၅) ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ဆောက်ရေးအသင်း(AAPP)၏ ဇန္နဝါရီလ ၃ရက် ထုတ်ပြန်ချက်မှသိရသည်။


သေဆုံးသူတွေမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် (၉၈) ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၃)ဦး၊ ပစ်ခတ်မှုကြောင့် (၂) ဦးနှင့် ကျန် (၂)ဦးမှာ သေဆုံးမှုအကြောင်းအရင်းကိုစုံစမ်းဆဲဖြစ်ကြောင်းသိရသည်။


အဆိုပါသေဆုံးသူ‌စာရင်းများသည်(AAPP)မှ လက်လှမ်းမှီသမျှ ကောက်ယူထားသည့်အချက်အလက်များဖြစ်ပြီး အမည်နှင့်တကွအတည်ပြုနိုင်ခဲ့သည့်သူတွေကို ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။


လက်တွေ့မြေပြင်တွေ ဖြစ်ပွားနေသည့်အချက်အလက်မှာ ယခုထက်ပိုမိုများပြားနိုင်ပြီး အတည်ပြုရန်လိုအပ်နေဆဲ တစ်လတာအတွင်း သေဆုံးခဲ့သူ (၁၂၀) ဝန်းကျင်လည်း ရှိနေကြောင်းဖော်ပြထားသည်။


၂၀၂၅ခုနှစ်၊ နိုင်ဘာလ တစ်လတာအတွင်း အကြမ်းဖက်စစ်တပ်ကြောင့် ဒီမိုကရေစီ‌အရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၆၄)ဦးသေဆုံးခဲ့သည်။


ထို့အပြင် အတည်ပြုရန်လိုအပ်ဆဲ သေဆုံးခဲ့သူ (၁၀၈) ဝန်းကျင်လည်းရှိနေပြီး ဒီဇင်ဘာလအတွင်းသေဆုံးသူဦးရေသည် နိုဝင်ဘာလအတွင်း သေဆုံးသူဦးရေထက်များပြားနေသည်ကို တွေ့ရသည်။


သတင်း - ‌ဇော်

Photo credit to Owner


Comments


Pajau Media

Thanks for subscribing!

bottom of page