ဒို့တာဝန်အရေး၃ပါး စောင့်ထိန်းသူနှင့် တိုင်းပြည်အရေး ဆောင်ရွက်သူများကိုသာ မဲပေးရန် မင်းအောင်လှိုင်ပြော
- Pajau Media
- 19h
- 1 min read
ပါဂျောင်မီဒီယာ
၂၁ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

လာမည့် ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် လုံခြုံရေးနှင့် အုပ်ချုပ်ရေးအမြင်ရှိသူ၊ ဒို့တာဝန်အရေး ၃ပါးစောင့်ထိန်းသူများကို လွှတ်တော် ကိုယ်စားလှယ်များအဖြစ် မဲပေးရွေးချယ်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေရာအနှံ့လိုက်လံစည်းရုံးလျက်ရှိနေကြောင်း သိရသည်။
တိုင်းသူပြည်သားများအနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးရာတွင် ဒို့တာဝန်အရေး ၃ပါးကို အလေးထားစောင့်ထိန်းသူ၊ နိုင်ငံရေးအမြင်၊ လုံခြုံရေးအမြင်၊ စီးပွားရေးအမြင်နှင့် အုပ်ချုပ်ရေးအမြင်များ ရှိသူများ အမှန်တကယ် တိုင်းပြည်နှင့် ဒေသအကျိုးအတွက် ဆောင်ရွက်နိုင်သည့် သူများဖြစ်ရန် လိုကြောင်းဆိုသည်။
စစ်ကော်မရှင်ပြုလုပ်ကျင်းပသွားမည့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကို ရက်ပေါင်း ၆၀ ခွင့်ပြုပေးလိုက်ပြီး ထိုမဲဆွယ်စည်းရုံးခွင့်မှာ အောက်တိုဘာလ ၂၈ရက်နေ့ မနက် ၆နာရီကနေ ဒီဇင်ဘာလ ၂၆ရက်နေ့ ည ၁၂ နာရီအထိဖြစ်ကြောင်း သိရသည်။
ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်သော မြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးသွားမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲကို မဲမသမာမှု မပြုလုပ်နိုင်ရန် အီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးနိုင်ရေး ပြင်ဆင်ထားကြောင်းလည်း မင်းအောင်လှိုင်က ဆိုသည်။
စစ်ကောင်စီကပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းများကို အောက်တိုဘာ ၂၀ရက်နေ့အထိ ရက်ပေါင်း ၇ရက် ထပ်မံတိုးမြင့် ကြေညာထားသည်။
သတင်း-ဖရိန်း
Comments