top of page

ဒေသထွက်ပစ္စည်းများဈေးကျပြီးဈေးကွက်မှလူသုံးကုန်များမှာဈေးမြှင့်သထက်မြှင့်နေမှုကြောင့်ဒေသခံပြည်သူများကြပ်တည်းနှင့်ရင်ဆိုင်နေရ

  • Writer: Pajau Media
    Pajau Media
  • Nov 19
  • 1 min read

ပါဂျောင်မီဒီယာ

၁၉ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။


ree

လက်ရှိကာလအခြေအနေများကြောင့် ပူတာအိုမြို့နယ်တွင် ဈေးကွက်မှ လူသုံးကုန်များနှင့်ကုန်ပစ္စည်းများ ဈေးကျလာခြင်းမရှိဘဲမြှင့်တက်မြဲမြှင့်တက်နေပြီး တစ်ဖက်တွင်ဒေသထွက်ဈေးကွက်ဝင်နိုင်သည့် စားသောက်ကုန်၊ပစ္စည်းများမှာ ဈေးကျနေသည်ဖြစ်၍ ဒေသခံပြည်သူများ၏ နေ့စဉ်ဘဝ၊စားဝတ်နေရေးကြပ်တည်းမှု များလာကြောင်းသိရသည်။


ပူတာအို‌၏ အဓိကဒေသထွက်ပစ္စည်းများဖြစ်သည့် ဆောင်းသီးနှံများအပါအဝင် ဂရိတ်ဖရွတ်သီးများ ဈေးအလွန်ကျနေခြင်း၊ လယ်သမားအတွက် စပါးဈေးကျနေမှုများကြောင့် ပြည်သူများအထိနာနေကြရကြောင်း လယ်သမားတစ်ဦးကဆိုသည်။


"ဒီနှစ်က ငါတို့ပူတာအိုတစ်ခွင်က လက်လုပ်လက်စားတွေအတွက် အရမ်းအကြပ်အတည်းဖြစ်တဲ့ နှစ်ပဲ၊ မနှစ်တုန်းကတောင်စပါးသိမ်းချိန်စပါးတစ်ပုံး(၈)ပြည်ကို ကျပ်နှစ်သောင်းခွဲအထိ ရတယ်၊ ဒီနှစ်တော့ ကျပ်တစ်သောင်းခွဲတောင် ဘယ်သူမှမပေးကြဘူး။ ဒီအချိန်တော့ အသီးပေါ်တဲ့အချိန်ဆိုတော့ အသီးရောင်းမယ်လုပ်တော့လည်း ဂရိတ်ဖရွတ်သီးတစ်လုံးကိုမှ ကျပ်တစ်ရာ့ငါးဆယ်နဲ့ရောင်းရတယ်ဆိုတော့ ကြည့်လေအရင်၆/၇နှစ်တောင်ကြာခဲ့ပြီ၊ အဲ့တုန်းကမှတစ်လုံးသုံး/လေးရာကျပ်ရသေးတယ်၊ အခုတော့ ငွေဈေးကကျ ငါတို့ရဲ့ဒေသထဲကသီးနှံဈေးတွေကျတော့ ဘာဈေးမှမရတော့ဘူးဆိုတော့ ဘာမှလုပ်ကိုင်စားသောက်လို့လဲမရတော့ဘူးလေ" ဟုဆိုသည်။


ဈေးကွက်မှ ကုန်ပစ္စည်းများကလည်း လမ်းကြောအ​ခြေအနေ မကောင်းလာလေလေ ဈေးမြှင့်လေဖြစ်ခြင်း၊ စက်သုံးဆီများလည်း တစ်လီတာလျှင် ကျပ်တစ်သောင်းဝန်းကျင်အထက်မှ ကျဆင်းခြင်းမရှိ စသည့်အခက်အခဲများကြုံတွေ့ကြရကြောင်း ဆက်လက်ပြောကြားသည်။


ပူတာအိုဒေသအတွင်းမှ ဒေသထွက်ပစ္စည်းဟုဆိုရာ၌ ရွှေနှင့်တောထွက်အဖိုးတန်ပစ္စည်းများမှလွှဲ၍ လယ်သမားများ၏ စိုက်ပျိုးသီးနှံများအဆမတန်ဈေးကျနေခြင်းသည် နိုင်ငံရေးအရှုပ်အထွေးများအကြား တင်ပို့ရောင်းချမှုကို အတားအဆီးဖြစ်စေခြင်း၊ မြစ်ကြီးနား-ပူတာအိုကားလမ်းတစ်လျှောက်‌ အကောက်အခွန်ဂိတ်ပေါင်းများစွာရှိနေခြင်းများကြောင့် ဒေသထွက်သီးနှံများ အရောင်းပါးရသည့်အပြင် ဈေးအလွန်ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page