top of page

နောင်းချိန်းစစ်ရှောင်စခန်းအတွင်း ငှက်ဖျား ရောဂါ ဖြစ်ပွားသူ များပြားလာ

  • Writer: Pajau Media
    Pajau Media
  • Aug 15, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၅၊ ၈၊၂၀၂၄။



ree

ဝိုင်းမော်မြို့နယ်၊ ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက်ရှိ နောင်းချိန်းစစ်ဘေးရှောင်စခန်းတွင် ယခုရက်ပိုင်းအတွင်း နှာစေးချောင်းဆိုးနှင့် ငှက်ဖျားရောဂါအဖြစ်များနေကြောင်း စစ်ရှောင်များထံမှ သိရသည်။


နေအိမ်တစ်အိမ်အတွင်း ငှက်ဖျား ဖျားနာသူတစ်ဦးရှိနေလျှင် မိသားစုအချင်းချင်း ဆင့်ကဲကူးဆက်ဖျားနာသူ များပြားလာသည့်အပြင် လူစုလူအုပ်များပြားသည့် စစ်ဘေးရှောင်စခန်းများတွင် အဖြစ်အများဆုံးဖြစ်ကြောင်း နောင်းချိန်းစစ်ရှောင်စခန်းမှ စစ်ရှောင်တစ်ဦးက ပြောသည်။


“စစ်ရှောင်တွေနဲ့ လူဦးရေထူထပ်တော့ လူတစ်ယောက်ဖျားတာနဲ့ တစ်ယောက်ပြီးတစ်ယောက် လိုက်ပြီးဖျားနာသလိုမျိုး ဖြစ်နေတယ်။ ဆေးဝါးစုံစုံလင်လင်မရှိတော့ အရှင်းပျောက်သွားအောင် မကုသနိုင်သလိုဖြစ်နေတာ။ စစ်ရှောင်တွေအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်နှင့် တစ်ခြားလူမှုကူညီရေးအဖွဲ့အစည်းတစ်ခုကနေ ဆေးဝါးကူညီထောက်ပံ့တာ အနည်းငယ်တော့ ရှိတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်တာလဲမသိဘူး။ ဆေးစားပြီးပျောက်သွားတယ်ဆိုပေမယ့် ပြန်ဖျားနေကြတယ်။”


ထို့အပြင် ယခုရက်ပိုင်းအတွင်း ဆေးရုံဆေးခန်းအတွင်း ရောက်ရှိလာသည့် လူနာများမှာ များသောအားဖြင့် ငှက်ဖျားဖျားနာသည့် လူနာများသာဖြစ်ကြောင်းနှင့် ငှက်ဖျားရောဂါဖြစ်စေသည့် အဓိကအကြောင်းအရင်းမှာ နေ့ခင်းအချိန်ကိုက်သည့် ခြင်ပုန်း၊ခြင်းကျား အကိုက်ခံရခြင်းမှ ကူးစက်ခံရခြင်း ဖြစ်သည်။


ထို့ကြောင့် နေ့ခင်းအချိန်တွင် ခြင်ပုန်း၊ခြင်းကျားများ အကိုက်မခံရအောင် အဝတ်အစား လုံလုံခြုံခြုံ ဝတ်ဆင်ထားရန်၊ အိမ်အတွင်း အလင်းရောင်ကောင်းစွာရရှိစေခြင်း၊ ခြင်လုံဇကာများ တပ်ဆင်ခြင်း၊ နေ့ခင်းအချိန်အိပ်လျှင် ခြင်ထောင်အတွင်း၌သာ အိမ်ခြင်း၊ မိမိနေအိမ်ဝန်းကျင် ခြုံနွယ်များ ရှင်းလင်းခြင်း စသည့်နည်းလမ်းများဖြင့် ကာကွယ်ရန် ပြည်သူ့ကျန်းမာရေးဌာနများမှလည်း သတိပေးတိုက်တွန်းနိုးဆော်ထားကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page