top of page

နိုင်ငံတစ်ဝန်း အကျဉ်းသား ခြောက်ထောင်ကျော် လွတ်ငြိမ်းခွင့်ရ

  • Writer: Pajau Media
    Pajau Media
  • Jan 5
  • 1 min read

ပါဂျောင်မီဒီယာ

၅ရက်၊ဇန်နဝါရီ၊ ၂၀၂၆။



မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသူအကျဥ်းသား ၆,၁၃၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။


ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၈ နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ်နေ့တွင် နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းသားများ ၆,၁၃၄ ဦးအပြင် နိုင်ငံခြားသား အကျဉ်းသား ၅၂ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေး လိုက်ကြောင်း သိရှိရသည်။


ပြည်တွင်းမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည့် အကျဥ်းသား ၆,၁၃၄ ဦးကိုမူ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခင်က ပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံစေရမည်ဟု စည်းကမ်းသတ်မှတ်ကာ လျှော့ပေါ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။


ထို့အပြင် နိုင်ငံရေးပြစ်မှုများနှင့် အခြားပြစ်မှုအမျိုးမျိုးတို့ဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများကိုလည်း ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ထားသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page